ကော့သောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှု ထိရောက်စေရေး စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချရန ညွှန်ကြားချက်များ ထုတ်ပြန်ဆောင်ရွက်

 

ကော့သောင်း  ဇူလိုင် ၆

ကူးစက်မှု ပြန်လည်ဖြစ်ပွားလာနေသည့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှုလုပ်ငန်းများ ထိရောက်မှုရှိစေရေး ကော့သောင်းမြို့နယ်အတွင်း ရောင်းချလျက်ရှိသည့်  စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များ ပါဆယ်စနစ် ဖြင့် ရောင်းချရန် မြို့နယ်စည်ပင်သာယာအဖွဲ့မှ အမိန့်ညွှန်ကြားချက်တစ်ရပ် ယမန်နေ့က ထုတ်ပြန်အသိပေး နိုးဆော်ထားကြောင်း သိရသည်။ 

အဆိုပါ ညွှန်ကြားချက်အား တနင်္သာရီတိုင်းအတွင်း ခရိုင်နှင့် မြို့နယ်များရှိ စားသောက်ဆိုင်များနှင့် လက်ဘက်ရည်ဆိုင်များအားလုံးကို ဆိုင်အတွင်း ဆိုင်ထိုင်စားသောက်ခြင်း၊ ဆိုင်အနီးအနားတွင် စုဝေးစား သောက်ခြင်းတို့ကို မပြုစေဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချစေရန် ဆုံးဖြတ်ညွှန်ကြားခြင်း ဖြစ်ကြောင်း၊ ညွှန်ကြားချက်များအပေါ် တိကျစွာ လိုက်နာဆောင်ရွက်ကြရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက  တည်ဆဲဥပ ဒေများနှင့်အညီ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း သိရသည်။

ကော့သောင်းမြို့ပေါ် ရပ်ကွက်များအတွင်း စည်ပင်သာယာရေးအဖွဲ့၏ စာရင်းအရ လက်ဘက်ရည်ဆိုင် အပါအဝင် အိမ်ဆိုင်များနှင့် အခြားအစားအသောက် ရောင်းချသည့်ဆိုင်ပေါင်း ၂၅၃ ဆိုင်ရှိကြောင်း သိရသည်။

ကျော်စိုး