မိုင်းဆတ် ဇူလိုင် ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်စေရေးနှင့်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Mask အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးခြင်းကို ယနေ့နံနက် (၇)နာရီက မြို့မဈေးရှေ့နှင့် ဈေးအတွင်း၌ဆောင်ရွက်ခဲ့သည်။
မြို့မဈေးရှေ့ဖြတ်သန်းသွားလာသူများနှင့် မြို့မဈေးအတွင်း ဈေးရောင်းချလျက်ရှိသော ဈေးသည်များ၊ ဈေးဝယ်လာသူများအား မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင် အရာရှိ ဦးအောင်သူနှင့် ဝန်ထမ်းများက Mask(၃၅၀)ခု အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ဈေးရောင်း/ ဈေးဝယ်သူများအား Mask စနစ်တကျ တပ်ဆင်ရေး၊ ဈေးရှေ့ဖြတ်သန်း သွားလာသူများအား မလိုအပ်ဘဲနေအိမ်ပြင်ပထွက်သွားလာခြင်းမှ ရှောင်ကြဉ်ရေး၊ မဖြစ်မနေသွားလာရပါက Mask တပ်ဆင်သွားလာရေး၊ လူစုလူဝေးရှိသောနေရာများသို့ သွားလာခြင်းမှ ရှောင်ကြဉ်ရေး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ လမ်းညွှန်ချက်များကိုစနစ်တကျ လိုက်နာဆောင်ရွက်ရေး အသိပညာပေး ပြောကြားခဲ့သည်။
မြင့်မောင်