မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် တောင်တွင်းကြီးမြို့နယ်တွင် ကျင်းပ

တောင်တွင်းကြီး  ဇူလိုင်  ၆

 

 မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို မကွေးတိုင်းဒေသကြီး၊  တောင်တွင်းကြီးမြို့နယ် ရတနာပွင့်လှကန်တော်ကြီး အရှေ့ဘက် ကားလမ်းဘေးဝဲယာတွင် ယနေ့ နံနက်(၈)နာရီက ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက် စိုက်ပျိုးခဲ့ကြ ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူရှိန်းနှင့် တာ၀န်ရှိသူများမှ ဌာနဆိုင်ရာ ၀န်ထမ်းများ၊ တပ်ရင်း တပ်ဖွဲ့များ၊ ဒေသခံပြည်သူများ၊ သစ်ပင်ချစ်သူများထံ ပျိုးပင်များပေးအပ်ခဲ့ကာ မြို့နယ် သစ်တော ဦးစီးဌာနမှူးက ပတ်၀န်းကျင် စိမ်းလန်းစိုပြေစေရန်နှင့် ရာသီဥတု အပူဒဏ် ကာကွယ်နိုင်စေရန်အတွက် နှစ်စဉ် စိုက်ပျိုးရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

သစ်ပင်စိုက်ပျိုးပွဲတော်တွင် ဒေသရာသီဥတုနှင့် ကိုက်ညီသည့် ကျွန်းပင်၊ ရေတမာပင်၊ ပန်းမယ်ဇလီပင်၊ စိန်ပန်းပင်၊ စွယ်တော်ပင်စသည့် အရိပ်ရပင်(၃၀၀)တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းသိရသည်။

 

နိုင်ဝင်း