ကျောက်ဖြူ ဇူလိုင် ၆
ပင်လယ်ငါးဖမ်းရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း တတိအကြိမ် ဖွင့်လှစ်ခြင်းကို ကျောက်ဖြူခရိုင် ငါးလုပ်ငန်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့ နံနက်(၁၀)နာရီ အချိန် က အဆိုပါခန်းမ၌ ဖွင့်လှစ်ပို့ချ ပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ အခမ်းအနားကို ခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကျော်ဆင့်က အဖွင့်အမှာ စကားပြောကြားရာတွင် ၂၀၂၀-၂၀၂၁ ခုနှစ် ငါးမဖမ်းရရာသီပိတ်ထားကာလဖြစ်တဲ့ မေ၊ဇွန်၊ဇူလိုင် (၃)လ တွင် တိုင်းဒေသကြီး/ပြည်နယ်(၅)ခုမှ ပင်လယ်ငါးဖမ်းရေလုပ်သားများအား ငါးလုပ်ငန်းဦးစီးဌာန (ရုံးချုပ်) ညွှန်းကြားချက်ဖြင့် အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းကို ကိုဗစ်-၁၉ ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ တစ်ကြိမ်လျှင်(၃၀)ဦးဖြင့် ဖွင့်လှစ်ပေးခဲ့ရာ ယခုဆိုရင် တတိယအကြိမ် မြောက်ဖွင့်လှစ်ပေးရခြင်း ဖြစ်ပါကြောင်း၊ သင်တန်းတွင် ဘာသာရပ်(၈)ခုပို့ချပေး သွားမည်ဖြစ်ပါတယ်၊ သင်တန်းများတွင် ရေယာဉ် ပဲ့နင်းများနှင့်ရေလုပ်သားများအတွက် အထောက်အကူပြု အကျိုးပြုမည့် ဘာသာရပ်များကို ပို့ချပေးသွား မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ ၎င်းသင်တန်းတွင် သင်တန်း ဆရာသုံးဦးမှ (၁)ပင်လယ်ငါးဖမ်း ရေယာဉ် ရေလုပ်သားများ လုပ်ငန်းခွင်အတွင်း ထိခိုက်မှုမရှိစေရေး အတွက် အခြေခံလုပ်ငန်းခွင် ကျွမ်းကျင် မှု ရှိစေရေး၊ (၂) မြန်မာ့ပင်လယ်ငါး လုပ်ငန်းခွင် ဥပဒေဆိုင်ရာ သိကောင်းစရာများ၊ (၃)CITES နှင့်မျိုးသုဉ်း ရှားပါး ရေနေနို့တိုက်သတ္တဝါ ထိန်းသိမ်းရေး ဆောင်ရွက်နေမှုများ၊ (၄) တာဝန်သိစိတ်ဖြင့် ငါးဖမ်းဆီးခြင်း ဆိုင်ရာများ၊(၅)ရေလုပ်ငန်းရှင် နှင့်ရေလုပ် သား နှစ်ဦးသဘောတူအလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူ စာချုပ် အချက်အလက် သိကောင်းစရာ စသည့်ခေါင်းစဉ်(၈)ခုဖြင့်ပို့ချပေးသွားမည်ဖြစ်သည်။
ယင်းသင်တန်းကို ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ သင်းကြား ပို့ချလျက်ရှိကာ သင်တန်းကာလမှာ ဇူလိုင်လ ၆ ရက်နေ့မှ ဇူလိုင်လ ၇ ရက်နေ့အထိဖြစ်ပြီး စုစုပေါင်း သင်တန်းသုံးကြိမ်တွင် သင်းတန်းသား(၉၀)ဦး ပို့ချပေးပြီးဖြစ်ကြောင်း ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှသိ ရသည်။
ဖြိုးဝေလင်း၊တင်ထွန်းဦး