သတင်းများ

ကျိုက်လတ်မြို့တွင် ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်ရေး လှုပ်ရှားမှု Mask Campaign ပြုလုပ်
Jul 06,2021
ဧရာဝတီတိုင်းဒေသကြီး၊​ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကမ္ဘာ့နိုင်ငံအသီးသီးနှင့် နိုင်ငံအတွင်း ဒေသအချို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုများပြားနေသဖြင့် မိမိတို့ မြို့နယ်အတွင်း ကူးစက်ပြန့်နှံ့မှု လျော့နည်းစေရန် ရည်ရွယ်၍ Mask Campaign ကို ယနေ့နံနက် ၈ နာရီခန့် က အောက်ရွာလေးဈေးနှင့် လူအသွားအလာများပြားသည့် လမ်းဆုံနေရာများတွင် ပြုလုပ်ခဲ့သည်။
အင်းလေးဖောင်တော်ဦးဘုရား၊ နန်းပန်အလိုပေါက်ဘုရား၊ ရွှေအင်းတိန်မွေတော်ဘုရားနှင့် တာခေါင်မွေတော်ဘုရားတို့အား ဖူးမြော်ခွင့် ယာယီရပ်ဆိုင်း
Jul 06,2021
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်းရှိ ဖောင်တော်ဦးမြတ်စွာဘုရား၊ နန်းပန်အလိုတော်ပေါက်ဘုရား၊ ရွှေအင်းတိန်မွေတော်ဘုရားနှင့် တာခေါင်မွေတော်ဘုရားတို့ကို ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဇူလိုင် ၆ ရက်မှစ၍ ဖူးမြော် ကြည်ညိုခွင့် ယာယီရပ်ဆိုင်းထားကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်၊သံမိုးတောင်(အထက်)ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ပြန်လည် ထုတ်ပေး ခြင်း ဆောင်ရွက်
Jul 06,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့်မိသားစုဝင်ငွေတိုးပွားလာစေခြင်းဖြင့် ကျေးလက် ဒေသ ဆင်းရဲမှုနှုန်းကို လျော့ချနိုင်ရန်၊ တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာအတွက် အမှန် တကယ် လိုအပ်သော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကျေးရွာမှ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန်၊ ကျေးလက်လူထု၏ စွမ်းဆောင်ရည်တိုးတက်လာစေရန်နှင့် မမျှော်မှန်းနိုင်သောဘေးအန္တရာယ် ကျရောက်ပါက တုန့်ပြန်မှုအားကောင်းသော လူမှုအဖွဲ့အစည်းများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်ပြီး မြစိမ်းရောင်စီမံကိန်းအား ၂၀၁၄-၂၀၁၅ဘဏ္ဍာရေးနှစ်မှစတင်၍ ကျေးရွာပေါင်း(၆၄)ရွာတွင် ယူနစ်(၄၉) ယူနစ်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၈)နာရီအချိန်က သံမိုးတောင်အထက်ကျေးရွာတွင် မြစိမ်း ရောင်ရန်ပုံငွေ ပြန်လည် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ပေါင်မြို့နယ်၊ အသက်​မွေးဝမ်း​ကျောင်း အထောက် အကူပြု သင်တန်း ဖွင့်လှစ်ထားရှိမှုနှင့် ရင်းငြိမ်​ ရေထိန်း တံခါးလုပ်ငန်း ဆောင်ရွက်မှု ကြည့်ရှု စစ်ဆေး
Jul 06,2021
မွန်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် သက်ဆိုင်ရာ ဌာနအလိုက် တာဝန်ရှိသူများသည် ယနေ့ နံနက် ၉နာရီခွဲက ပေါင်မြို့နယ်၊ ရင်းငြိမ်ကျေးရွာရှိ ကျေးလက်​ ဒေသဖွံ့ဖြိုးတက်​ရေးဦးစီးဌာနမှ အသက်​မွေးဝမ်း​ကျောင်း အ​ထောက်အကူပြုသင်တန်းဖြစ်သည့် အ​ခြေခံအပ်ချုပ်သင်တန်း ဖွင့်လှစ်ထားရှိမှု အ​ခြေအ​နေကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ဟိုပင်၌ နှာခေါင်းစည်း MASK တပ်ဆင်ရေး အသိပညာပေး
Jul 06,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကိုဗစ်-၁၉ ဖြစ်ပွားနှုန်း များပြားနေခြင်းကြောင့် ယနေ့ နံနက် ၉ နာရီက ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရန် နှာခေါင်းစည်း MASK များ တပ်ဆင်စေရေးနှင့် အသိပညာပေးခြင်း လုပ်ငန်းကို သံလမ်းကူး −လမ်းဆုံနေရာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ပိုးရှိသူ (၁၁)ဦးထပ်မံတွေ့ရှိ
Jul 06,2021
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိခဲ့သူနှင့် ထိတွေ့ခဲ့သူများ၊ ဖျားနာ၊ ချောင်းဆိုး၊ အသက်ရှုကြပ်ပြီး မြစ်သားမြို့နယ် ပြည်သူ့ဆေးရုံသို့ လာရောက်ပြသခဲ့သူများအား ယမန်နေ့ ည ၈ နာရီက ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့်စစ်ဆေးခဲ့ရာ စစ်ဆေးသူများအနက်မှ (၁၁)ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိကြောင်း သိရသည်။
ကွန်ဟိန်းမြို့၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jul 06,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ ၂၀၂၁ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအား ယနေ့ နံနက်(၇)နာရီ အချိန်ခန့်က အောင်မင်္ဂလာဘုန်းကြီးကျောင်းဝင်းအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။