ကျိုင်တုံ ဇူလိုင် ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများအခမဲ့ဝေငှပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့မဈေးကြီးအတွင်း၌ တာဝန်ရှိသူများမှပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက မြို့မဈေးကြီးအတွင်း၌ လာရောက်ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများအား Maskနှင့် Face Sheild များမဖြစ်မနေတပ်ဆင်ရောင်းချကြရန်၊ Maskနှင့် Face Sheildများ မတပ်ဆင်ပါက ဈေးအတွင်းသို့ ဝင်ရောက်ခွင့်ပြုမည်မဟုတ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာရန်သတိပေးခြင်း၊ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေရန်နှင့် အပြင်ထွက်တိုင်းနှာခေါင်းစည်းများကို စနစ်တကျတပ်ဆင်သွားလာကြရန် အသံချဲ့စက်ဖြင့်ကျန်းမာရေးအသိပညာပေးနှိုးဆော်ခဲ့ပြီး နှာခေါင်းစည်းတပ်ဆင်ခြင်း မရှိသူများကို နှာခေါင်းစည်းများအခမဲ့ ဝေငှပေးခဲ့ကြကြောင်းသိရသည်။
ရဲထက်ဦး