ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး ပြည်သူများ လိုက်နာဆောင်ရွက်ရန် အသိပညာပေး ဗီနိုင်းပိုစတာများထားရှိ

 

 

ရန်ကင်း ဇူလိုင် ၆

 

ရန်ကုန်တိုင်းဒေသကြီး ၊ အရှေ့ပိုင်းခရိုင် ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်‌ရေး ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေး ဗီနိုင်းပိုစတာများကို ယမန်နေ့ နေ့လယ် ၃ နာရီက ရန်ကင်းမြို့နယ် ရပ်ကွက်များအတွင်းရှိ လမ်အဝင်အထွတ်ဂိတ်များ စျေးများတွင် စိုက်ထူခဲ့ကြကြောင်း သိရှိရသည်။ ဗီနိုင်းပိုစတာများထဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ ခရီးသွားပြည်သူများ လာရောက်ပါက အများပြည်သူအကျိုးကိုရှေးရူ့၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသောကိုယ်အပူချိန်တိုင်းတာခြင်း လုပ်ငန်းလမ်းညွှန်အတိုင်း ဆောင်ရွက်ပြီး အပူရှိန်မြင့်တက်ပါက လည်းကောင်း၊ သံသယလက္ခဏာများ တွေ့ရှိပါကလည်းကောင်း၊ လက်ချောင်းထိပ်တွင် pulse Oximeters ဖြင့် သွေးအောက်ဆီဂျင် (So 02) တိုင်းတာခြင်းများဆောင်ရွက်ပြီး So 02(၉၂%) ရှိသော ခရီးသွားပြည်သူများအား ခတ္တနားနေစေ၍ ပြန်လည်တိုင်းတာရန်နှင့် ပြန်လည်တိုင်းတာရာတွင် သွေးတွင်းအောက်ဆီဂျင် ၉၂%နှင့် အောက်ရှိပါက RDT ဖြင့် စစ်ဆေးဆောင်ရွက်မည်ဖြစ်ပြီး ဆေးစစ်ကုန်ကျစရိတ်သတ်မှတ်နှုန်းထားကို ကာယကံရှင်မှ ပေးဆောင်ရမည် ဖြစ်ပါကြောင်း၊ ကျန်းမာရေးစစ်ဆေးခြင်းအား ရန်ကုန်တိုင်းဒေသကြီး မြို့အ၀င်/ မြို့အထွက် ဂိတ်များတွင် စစ်ဆေးပေးမည်ဖြစ်ကြောင်း စသည်ဖြင့် အသိပေးခြင်းများ ပါရှိကြောင်းသိရသည်။

 

ရန်ကင်းမြို့နယ်တွင် (Community Base Facility Quarantine Center) အဖြစ် အမှတ် ၁၄ ရပ်ကွက် မိုးကောင်းဘုရားလမ်းရှိ မဟာသာသနာ့ဗိမာန်တော်တွင် ခုတင်(၇၀) ဦးဆံ့ ထားရှိရန် နေရာများပြန် လည်စီစဉ်ထား‌ရှိ‌ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရပြီး အဆိုပါ Quarantine Center တွင်  ကိုဗစ်-၁၉‌ရာဂါ ပိုးရှိသူနှင့် ထိ‌တွေ့ဆက်စပ်ခဲ့သူများ၊ ရောဂါဖြစ်ပွားရာ‌ နေရာ‌ဒေသများမှ ပြန်လာသူများအား ထားရှိမည်ဖြစ်ကြောင်း သိရှိရသည်။

 

လှလှထွေး