ဟိုပန်မြို့၌ ကိုဗစ်-၁၉ရောဂါကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် Mask Campaignပြုလုပ်

ဟိုပန် ဇူလိုင် ၈

‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့၌ ကိုဗစ်-၁၉ရောဂါကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် Mask Campaignကို ယနေ့နံနက်(၇)နာရီက ဟိုပန်မြို့မ ဈေးထိပ်တွင် ဟိုပန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးတင့်နှင့် အဖွဲ့ဝင်များက ဦးဆောင်၍ နှာခေါင်းစည်း Mask အခုရေ(၂၀၀၀)နှင့် တစ်ခါသုံးလက်အိပ်အခုရေ(၅၀၀)တို့အား ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ Mask Campaign ကို ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်၏ လမ်းညွှန်မှုဖြင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ အနီးကပ်ကြီးကြပ်ကာ ခရိုင်/မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များက ဈေးရောင်း/ ဈေးဝယ် လာသူ များကို လက်သန့်ဆေးရည်ဖြင့်လက်ဆေးစေခြင်း၊ နှာခေါင်းစည်း Mask များဖြန့်ဝေပေးခြင်းနှင့် အသံချဲ့စက်ဖြင့် အသိပညာပေးခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ခဲ့သည်။

ဟိုပန်မြို့မဈေးထိပ်တွင် စည်ပင်သာယာရေးဦးစီးဌာန အမှုဆောင်အရာရှိ ဦးနိုင်မျိုးဦးနှင့် ဝန်ထမ်း များမှလည်း ဈေးရောင်း/ဈေးဝယ်လာသူများကို နှာခေါင်းစည်း Mask များတပ်ဆင်မှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။