တာချီလိတ် ဇူလိုင် ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ပြည်သူ့ဆေးရုံဟောင်းနှင့် မိုးကုတ် Quarantine Ceter တို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာများအတွက် သောက်ရေသန့်များကို Queen Mary ကုမ္ပဏီမှ ယနေ့နေ့လည် ၂ နာရီအချိန် က လာရောက်လှူဒါန်းပေးခဲ့သည်။
ကိုဗစ်- ၁၉ အတည်ပြုလူနာများနှင့် Quarantine ဝင်သူများ သောက်သုံးရေအတွက် အခက်အခဲမရှိစေရန် ရည်ရွယ်ပြီး Queen Mary ကုမ္ပဏီပိုင်ရှင် ဒေါ်မေရီနှင့် စစ်ဗျူဟာအဖွဲ့ (အခြေချ) တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်းတို့က သောက်ရေသန့် ၃၀၀ ကတ်ကို လာရောက်လှူဒါန်းပေးခဲ့ခြင်း ဖြစ်သည်။ သောက်ရေသန့်များ ပြတ်လပ်မှုမရှိစေရန်အတွက် ဆက်လက်၍ တာဝန်ယူလှူဒါန်းပေးသွားမည်ဖြစ်ကြောင်း ဒေါ်မေရီထံမှ သိရသည်။
ယာဆေး