ပင်လောင်း ဇူလိုင် ၁၃
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ ယနေ့တွင် ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ ခုနှစ်ဦးထပ်မံတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ သိရသည်။
ယနေ့တွေ့ရှိသည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများသည် ပင်လောင်းမြို့ အရှေ့ ရပ်ကွက်တွင် အမျိုးသမီး တစ်ဦး၊ အမျိုးသား တစ်ဦး၊ နောင်တရားမြို့ နန်းပုလင်းကျေးရွာအုပ်စု ပေါ့ခင်ရွာမှ အမျိုးသား တစ်ဦး၊ တီကျစ်ကျေးရွာအုပ်စု တီကျစ်အလယ်ပိုင်း အမျိုးသား တစ်ဦး၊ အမျိုးသမီး တစ်ဦး ၊ တီကျစ်တောင်ပိုင်း အမျိုးသမီး နှစ်ဦး စုစုပေါင်း အတည်ပြုလူနာ ခုနှစ် ဦး ထပ်မံတွေ့ရှိခဲ့သည်။
ပင်လောင်းမြို့နယ်တွင် ဇွန် ၃၀ ရက်မှ ဇူလိုင် ၁၃ ရက်နေ့ထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာ စုစုပေါင်း ၇၉ ဦး တွေ့ရှိခဲ့ပြီး ယနေ့အချိန်ထိ ဆေးရုံဆင်းခွင့်ရရှိသူ ၂၉ ဦးရှိပြီဖြစ်ကာ ကျန်ရှိနေသောအတည်ပြုလူနာ များကို ပင်လောင်းမြို့နယ်ပြည်သူ့ဆေးရုံ သီးသန့်ဆောင်တွင် လည်းကောင်း၊ နောင်တရား တိုက်နယ်ဆေးရုံနှင့် တီကျစ်တိုက်နယ်ဆေးရုံ သီးသန့်ဆောင်တွင် လည်းကောင်း ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး သေဆုံးသူ တစ်ဦးရှိပြီ ဖြစ်ကြောင်း၊ အတည်ပြုလူနာ များနှင့် ထိတွေ့ဆက်စပ်ခဲ့သူများကိုလည်း အသွားအလာ ကန့်သတ် စောင့်ကြည့်ရာ နေရာများတွင် ၁၀ ရက်ကြာ ကျန်းမာရေးစောင့်ရှောက်ထားရှိမည်ဖြစ်ကြောင်းနှင့် ထိတွေ့ဆက်စပ် သူများကိုလည်း ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။