သတင်းများ

နောင်ချိုမြို့ စေတနာမွန်လူမှုကူညီရေးအသင်းနှင့်ဖြူစင်မေတ္တာလူမှုကူညီရေးအသင်းသို့ အလှူငွေများလှူဒါန်း
Jul 13,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ နောင်ချိုမြို့နယ် စေတနာမွန် လူမှုကူညီရေးအသင်းနှင့် ဖြူစင်မေတ္တာလူမှု ကူညီရေးအသင်းသို့ အလှူငွေများ လှူဒါန်းပေးလျက်ရှိရာ ယမန်နေ့က အလှူရှင် ဦးကျော်ဇော်လင်း မိသားစု နှင့် ရတနာမူကြို ၊ ရတနာ ကိုယ်ပိုင်ကျောင်း မိသားစုတို့မှ အလှူငွေများကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ပင်းတယမြို့နယ် ဆီးကျအင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေးပေး
Jul 13,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် မိသားစုဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဆီးကျအင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးအပ်ပွဲကို ယနေ့နံနက် (၁၀) နာရီ က အဆိုပါကျေးရွာမြစိမ်းရောင်ကော်မတီ ဥက္ကဋ္ဌ အိမ်၌ ကျင်းပပြုလုပ်သည်။
မိုင်းဖြတ်မြို့၊ဝမ်နောင်ကျေးရွာ၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ရွာထိပ်တွင် ဖြတ်သန်းသွားလာမှုကို ယာယီကန့်သတ်
Jul 13,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာ ကွယ်ရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ၁၂ရက်နေ့ ညနေ၇နာရီမှစ၍ မိုင်းဖြတ် ကျေးရွာအုပ်စု၊ ဝမ်နောင်ကျေးရွာ၌ ကျေးရွာထိပ်တွင် ဖြတ်သန်းသွားလာမှုကို တားမြစ်ထားကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အသိပညာပေးခြင်း ဆောင်ရွက်
Jul 13,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ စုပေါင်း၍ ရန်ကုန်-မန္တလေး လမ်းဟောင်းဘေးရှိ အများပြည်သူနှင့်ဆိုင်သောနေရာများနှင့် လမ်းဘေးဆိုင်များတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်၊ သံမိုးတောင်(အောက်)ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ပြန်လည်ထုတ်ပေး
Jul 13,2021
ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြို့နယ် ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေခြင်းဖြင့် ကျေးလက် ဒေသ ဆင်းရဲမှုနှုန်းကို လျှော့ချနိုင်ရန် ၊တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာအတွက် အမှန် တကယ် လိုအပ်သော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကျေးရွာမှ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန်၊ ကျေးလက်လူထု၏ စွမ်းဆောင်ရည်တိုးတက်လာစေရန်နှင့် မမျှာ်မှန်းနိုင်သော ဘေးအန္တရာယ် ကျရောက်ပါက တုန့်ပြန်မှုအားကောင်းသော လူမှုအဖွဲ့အစည်းများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်ပြီး မြစိမ်းရောင်စီမံကိန်းအား ၂၀၁၄-၂၀၁၅ဘဏ္ဍာရေးနှစ်မှစတင်၍ ကျေးရွာပေါင်း(၆၄)ရွာတွင် ယူနစ်(၄၉) ယူနစ်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းအချိန်က သံမိုးတောင်(အောက်)ကျေးရွာတွင် မြစိမ်း ရောင်ရန်ပုံငွေ ပြန်လည် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် စစ်ဆေးရေးဂိတ် ဖွင့်လှစ်
Jul 13,2021
ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာများရှိ လာသည့်အတွက် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် နှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် ယမန်နေ့ နံနက်ပိုင်းက သံတောင်မြို့ အဝင်အထွက်တွင် စစ်ဆေးရေးဂိတ် ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်မဲ-မိုင်းလုံ-မိုးကုတ်လမ်းမကြီး တွင် ကျန်းမာရေးစစ်ဆေးရေးဂိတ် ပြန်လည်ဖွင့်လှစ်
Jul 13,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ် နိုင်ရန် အတွက် ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေး စစ်ဆေးရေးဂိတ်ကို နမ့်ပိန်ရပ်ကွက် ဦးအာသာဖာ၏အိမ်ရှေ့ ကျောက်မဲ-မိုင်းလုံ-မိုးကုတ်လမ်းမကြီး တွင် ဆောင်ရွက်ထားရှိသည်။
တီကျစ်တိုက်နယ် ပြည်သူ့ဆေးရုံမှ ကိုဗစ်-၁၉ ရောဂါ ကင်းစင်သူ ၇ ဦး ဆေးရုံမှ ဆင်းခွင့်ပြု
Jul 13,2021
ရှမ်ပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တီကျစ်ကျေးရွာအုပ်စု၊ တီကျစ်တိုက်နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေသည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၄၀)ဦးမှ ကျန်းမာရေးကောင်းမွန်လာသူ (၇) ဦးကို ယနေ့နံနက်ပိုင်းတွင် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း တီကျစ်တိုက်နယ်ဆရာဝန် ဒေါက်တာနန်းနှင်းသဲထွန်းမှ သိရသည်။