သတင်းများ

ဆီဆိုင်မြို့နယ်တွင် နမ့်ပွန်ချောင်းရေအားလျှပ်စစ်စီမံကိန်းများ၏ ဖြစ်မြောက်နိုင်စွမ်းဆိုင်ရာ လေ့လာမှုအစီအစဉ်များအား ရှင်းလင်း
Aug 19,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် နမ့်ပွန်ချောင်းရေအားလျှပ်စစ်စီမံကိန်း၏ ဖြစ်မြောက်နိုင်စွမ်း ဆိုင်ရာ လေ့လာမှုအစီအစဉ်များအား ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲ အချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ
Aug 19,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ် ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)၊ အမျိုးသမီးအသင်း(Women Club)၊ လူငယ်အသင်း(Youth Club) တို့ပူးပေါင်း၍ စာပေဝါသနာရှင်များ စာပေအသိအမြင် ဗဟုသုတ များ ဆွေးနွေး ဖလှယ်နိုင်စေရန်နှင့် စာတတ်သူတိုင်း စာဖတ်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲ(၁)နာရီ အချိန်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ခန္တီးမြို့အတွင်း မြစ်ရေဝင်ရောက်လာနိုင်သဖြင့် ဈေးအတွင်းမှပစ္စည်းများ သယ်ယူနိူင်စေရန် ဈေးတံခါးများ ဖွင့်ပေးထား
Aug 18,2020
ခန္တီးမြို့ အောင်သာရေထိမ်းတံခါးမှ ချင်းတွင်းမြစ်ရေများ ကျော်လွန် ဝင်ရောက်နေပြီဖြစ်သဖြင့် မြို့တွင်းသို့လည်း မြစ်ရေဝင်ရောက် လာနိုင်သည့်အတွက် ဈေးအတွင်းမှပစ္စည်းများ သယ်ယူနိူင်စေရန် ဈေးတံခါးများဖွင့် ပေးထားပါကြောင်း ခန္တီးမြို့ စည်ပင်သာယာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ခန္တီးမြို့တွင် ညနေ ၃ နာရီခွဲတိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ၁၃၉၇ စင်တီမီတာရှိပြီး စိုးရိမ်ရေမှတ်ထက် ၃၇ စင်တီမီတာကျော်လွန်
Aug 18,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယနေ့ ညနေ ၃ နာရီခွဲတိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ၁၃၉၇ စင်တီမီတာအထိ မြင့်တက်လာပြီး ခန္တီးမြို့၏ စိုးရိမ်ရေမှတ်သည် ၁၃၆၀ စင်တီမီတာဖြစ်သဖြင့် စိုးရိမ်ရေမှတ်ထက် ၃၇ စင်တီမီတာ ကျော်လွန်မြင့်တက်နေပြီဖြစ်ကြောင်း ခန္တီးမြို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရုံးမှ သိရသည်။
ကျိုက်ထိုမြို့နယ်တွင် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမွေးတောင်သူများထံ ငါးသားပေါက်များ အခမဲ့ ထောက်ပံ့
Aug 18,2020
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ငါးလုပ်ငန်းဦးစီးဌာနမှ ကျိုက်ထိုမြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများထံ Covid- 19 Economic Relief Plan ၏ Action Plan အရဩဂုတ်(၁၈)ရက် နံနက်(၉)နာရီက မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှူးရုံး၌ ငါးသားပေါက်များ အခမဲ့ ထောက်ပံ့ပေးအပ် ခဲ့သည်။
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် အမျိုးသမီးငယ်များ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရန် အသိပေးနှိုးဆော်
Aug 18,2020
ရေးမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားမှု လျော့ကျနိုင်ရန်နှင့် သားအိမ်ခေါင်း ကင်ဆာ ကုသနိုင်ရန်အတွက် အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကြိုတင် ကာကွယ်ဆေး HPV (Human Papilloma Virus )ထိုးနှံနိုင်ရန်အတွက် မြို့နယ်ကျန်းမာရေးဌာနမှ အသိပေး နှိုးဆော်ထားကြောင်းသိရသည်။
မွန်ပြည်နယ်၊ ရေးမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ချက်အဆင့်(၂)ရရှိ
Aug 18,2020
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ရေးမြို့နယ် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား/ကျောင်းသူ (၂၂)ဦး ဝင်ရောက်ဖြေဆိုပြီး အောင်ချက် ၆၈ ဒသမ ၁၈ ရာခိုင်နှုန်းဖြင့် (၁၅)ဦး အောင်မြင်ခဲ့ကြောင်းသိရသည်။
ပုလဲမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု ၃၀၀၀၀ ကျော်အတွက် နိုင်ငံတော်အစိုးမှ ထောက်ပံ့သည့် ငွေများကို အိမ်ထောင်စုများထံသို့ လက်ဝယ်အရောက်ပေးအပ်
Aug 18,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စု၃၀၀၀၀ကျော်အတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် ငွေများကို ယနေ့မှ စတင်၍ အိမ်ထောင်စုများထံသို့ လက်ဝယ်အရောက် ပေးအပ်လျက်ရှိကြောင်း သိရသည်။