လဟယ်မြို့တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့လူတစ်ဦးဆေးရုံဆင်းခွင့်ပြု

 

 

လဟယ် ဇူလိုင် ၁၃

 

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုအုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ကိုဗစ် -၁၉ ရောဂါပိုးတွေ့ အမျိုးသားတစ်ဦးသတ်မှတ်ရက်ပြည့်သည့်အတွက် နှာခေါင်းတုံ့ဖတ် ရယူစစ်ဆေး ခဲ့ရာ Negative အဖြေထွက်ရှိသည့်အတွက် ယနေ့ မွန်းလွှဲ (၁၄:၀၀) နာရီအချိန်ခန့်က လဟယ်ပြည်သူ့ ဆေးရုံမှဆေးရုံဆင်းလက်မှတ်ပေးအပ်ကာအိမ်ပြန်ခွင့်ပြုခဲ့ကြောင်းသိရသည်။

 

လဟယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါအတည်ပြုသူ(၄)ဦးရှိရာမှ ယနေ့ တစ်ဦးအားဆင်း ခွင့်ပြုသည့်အတွက် ကိုဗစ်-၁၉ အတည်ပြုလူနာ(၃)ဦးနှင့် Quarantine center တွင် (ကျား-၂၇ဦး )(မ-၁၀ဦး)ပေါင်း(၃၇)ဦးရှိကြောင်းသိရသည်။

 

ရှားဆက်(လဟယ်)