သတင်းများ

ချောင်းဆုံမြို့နယ်တွင် အောင်ဆီဂျင် စက်ရုံ အမြန်ဆုံးတည်ဆောက် အသုံးပြုနိုင်ရန် စီမံဆောင်ရွက်
Jul 21,2021
မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ကိုဗစ်-၁၉ အတည်ပြုလူနာ   ကြပ်မတ်ကုသဆောင်များတွင် အောင်ဆီဂျင်  လုံလောက်စွာရရှိပြီး ရေရှည်အသုံးပြုနိုင်ရန် ဆရာတော်၊သံဃာတော်များ၏ ဩဝါဒကို နာယူပြီး ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင် ဦးအောင်ကြည်သိန်းနှင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ တို့မှ ဦးဆောင်၍ ဇူလိုင်လ(၂၀)ရက်နေ့ညနေပိုင်းက ရန်ပုံငွေ ရှာဖွေရေးကော်မတီကို ဖွဲ့စည်းပြီး  အောင်စီဂျင်စက်ရုံ အမြန်ဆုံး တည်ဆောက် အသုံးပြုနိုင်ရေး အစည်းအဝေး ပြုလုပ်ခဲ့ကြောင်းသိရသည်။
မိုင်းပျဉ်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပြည်သူများအား အသိပေးနှိုးဆော်
Jul 21,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဌာနဆိုင်ရာအဖွဲ့အစည်းများက အသံချဲ့စက်ဖြင့် မြို့ပေါ်ရပ်ကွက်အတွင်း အသိပညာပေးနှိုးဆော်ခြင်းကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များအား အသံချဲ့စက်ဖြင့် လှည့်လည်ကြေညာခြင်းလုပ်ငန်းများဆောင်ရွက်
Jul 21,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်ရမည့် အချက်များအား ယနေ့နံနက်ပိုင်းက မြို့ပေါ် လမ်းဆုံ၊ လမ်းမ များနှင့် ရပ်ကွက်/ကျေးရွာများအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်ကြေညာခဲ့ကြသည်။
မိုင်းခတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပြည်သူများအား အသိပေးနှိုးဆော်
Jul 21,2021
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့တွင် ကိုဗစ်(၁၉)ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်ဌာနဆိုင်ရာ အဖွဲ့အစည်းများက အသံချဲ့စက်ဖြင့် မြို့ပေါ်ရပ်ကွက်အတွင်း အသိပညာပေးနှိုးဆော်ခြင်းကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်တွင် မိုးသည်းထန်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများအား တာဝန်ရှိသူများမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
Jul 21,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဇူလိုင် ၁၉ ရက်နေ့ နံနက်ပိုင်းမှစ၍ မိုးသည်းထန်မှုကြောင့် တောင်ကျရေ စီးဆင်းခြင်း၊ ရေကြီးခြင်းတို့ ဖြစ်ပွားခဲ့ ရာ တံတားကျိုးပျက်စီးမှု၊ လယ်ယာမြေများ ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ပြီး တာဝန်ရှိသူ များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ရှမ်းပြည်နယ် Coronavirus Disease 2019 ကိုဗစ်-၁၉ ထိန်း ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 21,2021
 ရှမ်းပြည်နယ် Coronavirus Dissease 2019 ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ် - ၁၉ ရောဂါကာကွယ်၊ ထိန်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ (၃)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
မြောင်းမြမြို့တွင် ကိုဗစ်−၁၉ ရောဂါကူးစက်ဖြစ်ပွားနေမှုလျော့ကျစေရန် အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်
Jul 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကိုဗစ်−၁၉ ရောဂါကူးစက်ဖြစ်ပွားနေမှု လျော့ကျစေရန်ရည်ရွယ်၍ အသံချဲ့စက်များဖြင့် အသိပညာပေးလှုံ့ဆော်ခြင်း၊ ပြင်ပသွားလာခွင့် ကတ်ပြားများ စစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီက မြောင်းမြမြို့ကံ့ကော်မြိုင်လမ်းဆုံ၊ ကွယ်လွယ် နှင့် အဝေးပြေးဂိတ်များတွင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  ထိုးနှံပေး
Jul 21,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဇူလိုင် ၂၀ ရက် နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌  ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ထိုးနှံပေးကြောင်းသိရသည်။