မိုင်းပျဉ်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပြည်သူများအား အသိပေးနှိုးဆော်

မိုင်းပျဉ်း  ဇူလိုင် ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဌာနဆိုင်ရာအဖွဲ့အစည်းများက အသံချဲ့စက်ဖြင့် မြို့ပေါ်ရပ်ကွက်အတွင်း အသိပညာပေးနှိုးဆော်ခြင်းကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍  မြို့ပေါ်ရပ်ကွက်များတွင် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ခွာ ပါက နှာခေါင်းစည်း (Mask )များ စနစ်တကျတပ်ဆင်ရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ နေထိုင်စေရေးတို့ကို အသိပေးနှိုးဆောင်လျက်ရှိ သည်။

ထို့အပြင် ပြည်သူများအနေဖြင့် မလိုအပ်ပဲ နေအိမ်ပြင်ပထွက်ခွာခြင်း မပြုကြရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာ ပါက နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာကြရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေခွာ၍ လူစုလူ ဝေးများ ရှောင်ရှားကြရန်၊ မကြာခန လက်ကိုဆပ်ပြာနှင့် စနစ်တကျဆေးကြောရန်၊ ရောဂါပိုးကူးစက်ခံရ သည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက်စစ်ဆေး ကုသမှုခံယူ ကြရန်စသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာ ကွယ်ရေးဆိုင်ရာများ ကို စဉ်ဆက်မပြတ် အသိပေးနှိုးဆော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မေမွန်ထွဋ်