မြောင်းမြ ဇူလိုင် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကိုဗစ်−၁၉ ရောဂါကူးစက်ဖြစ်ပွားနေမှု လျော့ကျစေရန်ရည်ရွယ်၍ အသံချဲ့စက်များဖြင့် အသိပညာပေးလှုံ့ဆော်ခြင်း၊ ပြင်ပသွားလာခွင့် ကတ်ပြားများ စစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီက မြောင်းမြမြို့ကံ့ကော်မြိုင်လမ်းဆုံ၊ ကွယ်လွယ် နှင့် အဝေးပြေးဂိတ်များတွင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြောင်းမြမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်−၁၉ရောဂါကို ကာကွယ်နိုင်ရန်အတွက် အတတ်နိုင်ဆုံးအိမ်တွင်းမှာသာနေထိုင်ကြရန်၊ ပြင်ပမှ ဧည့်သည်များ လက်မခံရန်နှင့်အခြားသူများထံသို့ သွားရောက်ခြင်းမပြုရန်၊ အပြင်ထွက်ပါက နှာခေါင်း စည်း(Mask) တပ်ဆင်ရန်၊ (Mask) မတပ်ဆင်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ စျေးဝယ်ခြင်းမှ ရှောင်ကျဉ်ရန်၊ လူစုလူဝေးမပြုလုပ်ရန်၊ လက်ကိုမကြာခဏဆေးကြောရန်၊ မိမိနေအိမ် အခန်းများကို လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ထားကြရန်၊ အပြင်မှပြန်လာတိုင်း(Mask)ကို စနစ်တကျ စွန့်ပစ် ရန်၊ သက်ကြီးရွယ်အိုများ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ အခံရှိသူများရောဂါကူးစက်ခံရပါက ဝေဒနာ ပြင်းထန်စွာခံစားရပြီး အသက်အန္တရာယ်ထိခိုက်နိုင်သဖြင့် ဂရုပြုနေထိုင်ရန်၊ ရောဂါကူးဆက်ခံရသည် ဟုသံသယရှိပါက နီးစက်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူရန်၊ ကိုဗစ် ကပ်ရောဂါ အမြန်ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် ပြည်သူအားလုံးလိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အချက်များအား လိုက်လံနှိုးဆော်သတိပေးခြင်း၊ ပြင်ပ ထွက်ခွာသူများ အနေဖြင့် မလိုအပ်ဘဲအပြင်သို့သွားလာမှုမရှိစေရေးနှင့် ပြင်ပထွက်ခွာသူတိုင်း(Mask) တပ်ဆင်စေရေး အတွက်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။မြို့ပေါ်(၁၆)ရပ်ကွက်တွင်လည်းနေ့စဉ်အသံချဲ့စက်များဖြင့် ကိုဗစ်−၁၉ ကျန်းမာရေးအသိပညာပေး သတိပေးနှိုးဆော်ချက်များကို ရပ်ကွက်အလိုက် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
စန္ဒာကြည်