တောင်ကြီး ဇူလိုင်၂၁
ရှမ်းပြည်နယ် Coronavirus Dissease 2019 ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ် - ၁၉ ရောဂါကာကွယ်၊ ထိန်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ (၃)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ် Coronavirus Disease 2019 ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ယနေ့အစည်းအဝေးကို ခေါ်ယူရခြင်းမှာ ကိုဗစ် - ၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားသည့် ကာလအတွင်း ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင်၂၀၂၁ခုနှစ် ဇွန်လ (၁) ရက်နေ့မှစ၍ ရောဂါကူးစက်ပျံနှံ့မှု များပြားလာပြီး ယနေ့အထိ ရောဂါပိုးကူးစက်သူ (၉၉၇၉)ဦး ကူးစက်ပျံနှံ့ခဲ့ပြီးရောဂါပိုး ပြန်လည်ကင်းစင်လာသူ(၄၂၉၅) ဦး သေဆုံးသူ (၂၁၁)ဦးရှိပြီး ကျန်ရှိသည့် ရောဂါပိုးတွေ့အတည်ပြုလူနာ(၅၄၇၃)ဦးအား သက်ဆိုင်ရာမြို့နယ်များရှိ ပြည်သူ့ဆေးရုံများတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါကြောင်း၊ ယနေ့အချိန်ထိ လောက်ကိုင်မြို့တွင် ရောဂါပိုးတွေ့ရှိသူ(၂၂၃)ဦး အထိကူးစက်ပျံ့နှံ့ခဲ့ပါကြောင်း ၊ တောင်ကြီး မြို့တွင်လည်း ရောဂါကူးစက်ဖြစ်ပွားမှုမြင့်မားလာရာ ၂၀၂၁ခုနှစ်ဇွန်လ(၁) ရက်နေ့မှဇူလိုင် (၁၉)ရက်နေ့အထိ (၈၆၄)ဦး အထိ ကူးစက်ပျံ့နှံ့ခဲ့ပြီး သေဆုံးသူ(၂၂)ဦး၊ ပိုးကင်းစင်(၂၀၀)ဦးရှိပါ ကြောင်း၊ ဇူလိုင်(၁၉)ရက်နေ့ပြည်နယ် စာရင်းအရ ရောဂါပိုးတွေ့ရှိသူ(၁၄၈)ဦးဖြစ်ပြီး သေဆုံးသူ(၂)ဦး တွေ့ရှိရသည့်အတွက် တောင်ကြီးမြို့အတွင်း ရောဂါကူးစက်ပြန့်ပွားမှုနှုန်းလျော့နည်းကျဆင်းစေရေးဆောင်ရွက်နိုင်ရန် နည်းလမ်းများရှာဖွေ၍ ဝိုင်းဝန်း ကိုဗစ် - ၁၉ ရောဂါကူးစက်ဖြစ်ပွားလျက်ရှိရာ ရောဂါပိုးတွေ့ပြင်းထန်လူ နာများအားOxygenသုံးစွဲ၍ကျန်းမာ ရေးစောင့်ရှောက်မှုပေးရာတွင် ကျန်းမာရေးဆရာဝန်များ၏ ညွှန်ကြားချက်နှင့်အညီ သာသုံးစွဲသင့်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း လိုအပ်လျက်ရှိသည့် Oxygen များအားဖြည့်ဆည်းနိုင်ရေးအတွက် ရှမ်းပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီမှ တောင်ကြီးမြို့တွင် Mobile Oxygen Plant တစ်ခုနှင့် အောက်စီဂျင်(၄၀)လီတာ အိုး(၁၀၀) လုံးဝယ်ယူရေး ဆောင်ရွက်ထားရှိရာ (၃၅)လုံးရရှိပြီး ဖြစ်ပါကြောင်း၊ လွိုင်လင်၊ နမ့်စန်မြို့တွင်လည်းOxygen Plant(၁)လုံး၊ရှမ်းပြည်နယ်(မြောက်ပိုင်း)မိုးမိတ်မြို့နှင့်ရှမ်းပြည်နယ်(အရှေ့ ပိုင်း)မိုင်းဆက်မြို့များတွင်လည်းOxygen Plantများတပ်ဆင်ရေးစီစဉ် ဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း၊ အလားတူOxygen Plant များအား ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့တွင် ရှမ်းတောင်ပရဟိတလူမှု ကွန်ရက်(တောင်ကြီး)မှဖာမွန်းကျေးရွာရှိ သဲအင်းဂူကျောင်းတိုက်တွင် Oxygen Plant (၁)ခု အားလည်းကောင်း ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုး၊ လောင်ကိုင်၊ကျောက်မဲမြို့နှင့်မိုးမိတ် မြို့များတွင်Oxygen Plant(၄)ခုအား လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နှင့် တာချီလိတ် မြို့များတွင် Oxygen Plant(၂)ခုအား လည်းကောင်း၊ အသီးသီးတပ်ဆင် အသုံးပြုနိုင်ရေးစီစဉ် ဆောင်ရွက်ထားရှိ ပြီးတောင်ကြီးမြို့ နိုင်ရတနာဆိုင်နှင့် နိုင်ငံခြားငွေလဲလှယ်ရေးမိသားစုမှ တစ်ရက်လျှင်(၁၅)လီတာအောက်စီဂျင် အိုး(၂၀၀)လုံးထုတ်လုပ်ပေးနိုင်သော Oxygen Mobile Plantအားလှူဒါန်း ပေးသွားမည်ဖြစ်ပြီး သြဂုတ်လပထမ ပတ်တွင်တောင်ကြီးမြို့သို့ ရောက်ရှိနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိပါကြောင်း၊ ကိုဗစ် - (၁၉) ရောဂါတတိယလှိုင်း ဖြစ်ပွားသည့်ကာလအတွင်း ရှမ်းပြည်နယ်အတွင်းရှိမြို့နယ်များတွင်Community Bassed Facility Quarantine Center စုစုပေါင်း(၁၆၁)ခုဖွင့်လှစ်၍ ဌာနဆိုင်ရာများ၊ကျန်းမာရေးဝန် ထမ်းများ၊Volunteer များ၊အထော က်အကူပြုအဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ် ဖွဲ့၊ကြက်ခြေနီတပ်ဖွဲ့၊မီးသတ်တပ်ဖွဲ့စုစု ပေါင်းအင်အား(၁၅၈၁)ဦး နှင့်ပရဟိတအသင်းအဖွဲ့(၁၆၉)ဖွဲ့မှအင်အား(၁၈၄၆)ဦး၊စုစုပေါင်း(၃၄၂၇)ဦးတို့ဖြင့် ကျန်းမာရေး စောင့်ရှောက် မှုပေးနိုင်ရေး စီမံဆောင်ရွက်ထားရှိပြီး ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှလည်း မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသည့် ကိုဗစ် - (၁၉) ရောဂါကူးစက်ပျံ့နှံ့မှုအားကာကွယ်၊ ထိန်းချုပ်နိုင် ရေးအတွက် ကာကွယ်ဆေးများ ထပ်မံမှာယူထားရှိပြီး၂၀၂၁ ခုနှစ်အတွင်း လူဦးရေ၏ (၅၀)ရာခိုင်နှုန်း ထိုးနှံပြီးစီးရေး မျှော်မှန်းဆောင်ရွက်လျက်ရှိပါကြောင်း ၊ ယနေ့အစည်းအဝေးကို တက်ရောက်လာကြသော တာဝန်ရှိသူများအနေဖြင့် ရှမ်းပြည်နယ်အတွင်း ရောဂါကူးစက်ပြန့်ပွားမှု ဟန့်တားထိန်းချုပ်နိုင်ရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ဆောင်ရွက်ပေးကြရန်ပြောကြားသွားသည်။
ဆက်လက်၍ အရှေ့ပိုင်းတိုင်းစစ်ဌာန ချုပ်ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းဇော်မိုး၊ ရှမ်းပြည်နယ် Coronavirus Disease 2019 ကိုဗစ် - ၁၉)ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူးရှမ်း ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးဦးနေလင်းတို့မှ ဆွေးနွေး တင်ပြကြပြီး အစည်းအဝေး တက်ရောက်လာသူများမှ ဆွေးနွေးတင်ပြကြ၍ အထွေထွေဆွေးနွေးကြပြီး ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်းများနှင့် အလှူငွေများ ပေးအပ်လှူဒါန်းရာ ငွေရည်ပုလဲ ကုမ္ပဏီမှ Oxygen Plant (၁) လုံးနှင့်သိန်း(၂၀၀)၊ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ PPEနှင့်Mask တို့ကို ပေးအပ်လှူ ဒါန်းပေးရာ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းမှ လက်ခံရယူ၍ ဂုဏ်ပြုမှတ် တမ်းလွှာများ ပြန်လည်ပေးအပ်ပြီး ရှမ်းပြည်နယ် Coronavirus Disease 2019 ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။
မောင်မောင်သန်း