ကျိုင်းတုံ ဇူလိုင် ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဇူလိုင် ၂၀ ရက် နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ထိုးနှံပေးကြောင်းသိရသည်။
ထိုသို့ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်း များအား Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေးအမျိုးအစားကို စနစ်တကျထိုးနှံ ပေးခဲ့ပြီး ယခုကာကွယ်ဆေးထိုးနှံသူများမှာ ပထမအကြိမ် Sinopharm ကာကွယ်ဆေး ထိုးနှံပြီးသူများ ဖြစ်ကြောင်းသိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Covid Shield) ပထမအကြိမ်နှင့် ဒုတိယအကြိမ် ထိုးနှံပြီးသူ စုစုပေါင်း ၃၆၇၃၅ ဦး ရှိပြီး Sinopharm ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူ ၁၉၇၃ ဦးရှိကာ ဒုတိယအကြိမ်ထိုးနှံပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ဇင်မြင့်