မိုင်းခတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပြည်သူများအား အသိပေးနှိုးဆော်

မိုင်းခတ်  ဇူလိုင် ၂

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့တွင် ကိုဗစ်(၁၉)ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်ဌာနဆိုင်ရာ အဖွဲ့အစည်းများက အသံချဲ့စက်ဖြင့် မြို့ပေါ်ရပ်ကွက်အတွင်း အသိပညာပေးနှိုးဆော်ခြင်းကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်ရာတွင်၊ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မ တီ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များတွင် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ခွာပါက နှားခေါင်းစည်း (mask) များ စနစ်တကျ တပ်ဆင်စေရေး၊ ကျန်းမာရေးနှင့်အားက စားဝန်ကြီးဌာနမှ ကိုဗစ်(၁၉)ရောဂါ ကြိုတင်ကာ ကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ နေထိုင်စေရေးတို့ကို အသိပေးနှိုးဆော်လျက်ရှိသည်။

ထို့အပြင် ပြည်သူများအနေဖြင့် မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာခြင်း မပြုကြရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာကြရန်၊ တစ်ဦးနှင့် တစ်ဦး ခြောက်ပေခွာ၍ လူစုလူဝေးများ ရှောင်ရှားကြရန်၊ မကြာခဏ လက်ကို ဆပ်ပြာနှင့် စနစ်တကျဆေးကြောရန်၊ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူကြရန် စသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးဆိုင်ရာများကို စဉ်ဆက်မပြတ် အသိပေးနှိုးဆော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။