အမ်း ဇူလိုင် ၂၁
ရခိုင်ပြည်နယ်၊ အမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်ရမည့် အချက်များအား ယနေ့နံနက်ပိုင်းက မြို့ပေါ် လမ်းဆုံ၊ လမ်းမ များနှင့် ရပ်ကွက်/ကျေးရွာများအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်ကြေညာခဲ့ကြသည်။
ယခုအခါ အမ်းမြို့နယ်အတွင်း ဇွန် ၉ ရက်နေ့မှ ယမန် နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ(၄၆)ဦးရှိခဲ့ဖြစ်၍ သေဆုံးမှုလည်းရှိနေဖြစ်သဖြင့်မိဘပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှု မခံရစေရေးနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော ညွန်ကြားချက်များနှင့်အညီ နေအိမ် ပြင်ပသို့ ထွက်လျှင် နှာခေါင်းစည်းတပ်ခြင်း၊ စနစ်တကျ လက်ဆေးခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ကွာကွာနေခြင်း၊ ဖျားခြင်း၊ချောင်းဆိုးခြင်း၊ အသက်ရှုရ ခက်ခဲခြင်း၊ အားအင်ကုန်ခမ်းခြင်း စသည့် လက္ခဏာများ ဖြစ်ပွားပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံး သွားရောက်ပြသကြရန် လိုအပ်ကြောင်း စသည့် အချက်(၁၄) ချက်ပါဝင်သော ညွှန်ကြားချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိ လိုက်နာနိုင်ရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် မီးသတ် စခန်းမှ တပ်ဖွဲ့ဝင်များက မြို့ပေါ် လမ်းဆုံလမ်းမများရှိနေရာများရပ်ကွက်/ကျေးရွာများ အတွင်း ကြေညာခဲ့ပီးနောက်စဉ် ဆက်မပြတ် အသိပေးနှိုးဆော်ပေးသွားမည်ကြောင်းသိရသည်။
ဝင်းအိမွန်