ကျောက်ကြီး၊ သြဂုတ် ၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်၌ ယမန်နေ့ ညနေ့ပိုင်းတွင် ဆေးရုံကူညီ ပံ့ပိုးရေးအဖွဲ့မှ ကိုဗစ် - ၁၉ ရောဂါ positive ပိုးတွေ့ရှိ သေဆုံးသွားသူမှ မွေးဖွားခဲ့သော အမွှာကလေး (၂)ဦး အား ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။ ကျောက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံသို့ သြဂုတ်လ ၂ ရက်နေ့ နံနက်ပိုင်းတွင်း ငထွေစုတ်ကျေး ရွာအုပ်စု ဗမာမျက်ရဲကျေးရွာနေသူ ကိုယ်ဝန်ဆောင်သည် နေမကောင်း၍ ဆေးရုံလာပြရာမှ ကိုဗစ် - ၁၉ ရောဂါ positive ပိုးတွေ့ရှိခဲ့ပြီး အရေးပေါ် ကုသခန်းတွင်း Oxygen ပေး၍ ကုသနေစဥ် သြဂုတ်လ ၃ ရက်နေ့ နံနက် ၆ နာရီတွင် ကလေးအမွှားပူးမွေးဖွားခဲ့ပြီး သြဂုတ်လ ၄ ရက်နေ့ နံနက် ၉ နာရီခွဲတွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ သေဆုံးသွားသူမွေးဖွားခဲ့သော အမွှာကလေးနှစ်ဦးအား မြို့နယ် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ မှ ထောက်ပံ့ငွေ (၁၀၀၀၀၀)ကျပ် (တစ်သိန်းကျပ်)၊ ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ မှ ထောက်ပံ့ငွေ (၅၀၀၀၀)ကျပ် (ငါးသောင်းကျပ်)၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့မှ ထောက်ပံ့ငွေ (၅၀၀၀၀)ကျပ် (ငါးသောင်းကျပ်)၊ စုစုပေါင်း (၂၀၀၀၀၀)ကျပ် (နှစ်သိန်းကျပ်) အား ကျောက်ကြီးမြို့နယ် ဆေးရုံကူညီပံ့ပိုးရေးအဖွဲ့ မှတဆင့် ကလေးများ၏ ဦးလေးတော်စပ်သူအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။