တွံတေး သြဂုတ် ၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်းစေရေးအတွက် အသက်(၆၅)နှစ်အထက်ဘိုးဘွားများ ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေးထိုးရန် ယနေ့၊ နံနက် ၇ နာရီက မြို့နယ်အတွင်းရှိ ရပ်ကွက်များ၊ အတွင်းအသိပေးနှိုးဆော်ချက်ခြင်း၊ကိုဗစ်- ၁၉ရောဂါဆိုင်ရာ အသိပညာပေးခြင်းများအား အသံချဲ့စက်များဖြင့် လှည့်လည် ကြေညာပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များကရပ်ကွက်များအတွင်း ကိုဗစ်-၁၉ရောဂါကူးစက်မှု လျော့နည်းစေရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများအား သိရှိလိုက်နာရမည့် စည်းကမ်းချက်များ၊ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ နေထိုင်ကြစေရန်နှင့် အသက် (၆၅)နှစ်အထက် ဘိုးဘွားများကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေးမပျက်မကွက်ထိုးနှံကြရန် အလှည့်ကျ ရပ်ကွက်အလိုက် နေ့စဉ် ရပ်ကွက်များအတွင်း လှည့်လည်၍ အသိပညာပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။
ယနေ့အ.ထ.က(၁)တွင် စတုတ္ထမြောက်နေ့အဖြစ် မင်းပိုင်းရပ်ကွက်မှ (၃၉၂)ဦး၊ ကွမ်းခြံရပ်ကွက်မှ(၆၁၅)ဦးနှင့် စျေးသစ်ရပ်ကွက်မှ(၂၉၁) ဦးရှိအသက်၆၅နှစ်အထက် ဘိုးဘွားများ၊နိုင်ငံဝန်ထမ်းများ၊စေတနာ့ဝန်ထမ်းများကို အားကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ဆေးလာထိုးသူအဘိုးတစ်ဦးကလည်း "အဘိုးအသက်၇၁နှစ်ပါပထမအကြိမ်မှာ ဆီးချိုတက်နေပြီး သွေးပေါင်ပါ တက်နေလိုဆေးမထိုးခဲ့ရဘူး အခုကိုဗစ်တတိယလှိုင်းမှာ အသက်ရွယ်ကြီးတဲ့ အရွယ်အဖြစ်များတာတွေ့ရလို ဒီတစ်ကြိမ် ကာကွယ်ဆေးထိုးရင် ထိုးနိုင်အောင် အဘိုးမိသားစုက ကျန်းမာရေးနေတိုင်းစစ်ပေးတယ်။ လမ်းပုံမှနလျှောက်တယ်၊ ဆေးပုံမှန်သောက်လို့ အခုကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးကိုထိုးနိုင်တာပါ၊ အဘိုးလိုအသက်ကြီးတဲ့ သူတွေ ကျန်းမာရေးကောင်းရင် လာထိုးဖြစ်အောင်ထိုးပါလို့ တိုက်တွန်းချင်ပါတယ်ကွယ်။" ဟု ကွမ်းခြံရပ်ကွက်မှ အဘိုးဦးစံရီက ပြောကြားခဲ့သည်။
မြို့နယ် (ပြန်/ဆက်)