နောင်ချိုမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ PPE ဝတ်စုံနှင့်ကျန်းမာရေးသုံးပစ္စည်းများလှူဒါန်း

နောင်ချို  ဩဂုတ်  ၅  

ရှမ်းပြည်နယ်   (မြောက်ပိုင်း)၊   နောင်ချိုမြို့နယ်  ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့  PPE ဝတ်စုံနှင့် ကျန်းမာရေးသုံးပစ္စည်းများကို  ယနေ့နံနက်(၈)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ လှူဒါန်းခဲ့ကြောင်း သိရသည်။

            လှူဒါန်းရာတွင်  အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားအမှတ် (၉၀၂)  အမြောက်စစ်ဆင် ရေးကွပ်ကဲမှုဌာနချုပ် ခေတ္တ တပ်မမှူး ဗိုလ်မှူးကြီးနိုင်ဝင်းနှင့်တာဝန်ရှိသူများက Mask (၂၀၀၀၀) ၊ လက် သန့်ဆေး (၄၈ ဘူး ပါ ၂ဖာ)၊ အရက်ပြန်(၄၈ ဘူးပါ ၂ဖာ)၊ PPE ဝတ်စုံ (၁၀၀)စုံ၊ ဆေးဖြန်းပုံ (၂)ပုံး တို့ကို ပေး အပ်လှူဒါန်းခဲ့ရာ    မြို့နယ်  ကိုဗစ်-၁၉  ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကြည်တိုး၊ မြို့နယ် ဆရာဝန်ကြီးဒေါက်တာကိုကို နှင့် တာဝန်ရှိသူများက လက်ခံရယူ ခဲ့ကြောင်း သိရသည်။

            အဆိုပါ  ကျန်းမာရေးသုံးပစ္စည်းများကို  နောင်ချိုမြို့နယ်၏  ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင်အကျိုးရှိစွာ  အသုံးပြုသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီထံမှ သိရသည်။

ထွေးငယ်၊(ပြန်/ဆက်)