နောင်တရား ဩဂုတ်လ ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ ကိုဗစ်-၁၉ရောဂါထိန်းချုပ်ကာကွယ်ရေးကော်မတီသို့ ဧဒင်စွမ်းအင်နှင့် သဘာဝအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတတ်ရေးကုမ္ပဏီလီမိတက်မှ ဩဂုတ်လ ၅ ရက်နေ့တွင် အလှူငွေ ပေးအပ်လှူဒါန်းသည်။
နောင်တရားမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရေးနှင့် ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ဧဒင်စွမ်းအင်နှင့် သဘာဝအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတတ်ရေးကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများက အလှူငွေကျပ်(၂၅)သိန်းကို ပေးအပ်လှူဒါန်းပြီး နောင်တရားမြို့ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းချမ်းမြေ့ဝင်းက လက်ခံရယူခဲ့ကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)