ဆင်ပေါင်ဝဲမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်
Aug 05,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ပြန်/ဆက်ဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ဆင်ပေါင်ဝဲမြို့အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ယမန်နေ့ညနေ ၆ နာရီက မြို့ပေါ်ရပ်ကွက်များအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။