ဟိုပုံးမြို့နယ် ကုန်းကျိုင်းကျေးရွာအုပ်စု၊ ဟန်လွှဲကျေးရွာရှိ ပုံးအင်းဒေသ၌ ငါးသားပေါက်ကောင်ရေ (၁၅၀၀၀၀)ကောင် စိုက်ထည့်

ဟိုပုံး ဩဂုတ် ၅

ငါးရိက္ခာဖူလုံမှုရှိစေရန်၊ ငါးသံယံဇာတဖွံ့ဖြိုးလာစေရန်နှင့် ငါးမျိုးပြုန်းတီးမှုများ ကာကွယ် တားဆီး နိုင်ရန်ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ရှမ်းပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဖြန့်ဝေသည့် ငါးသားပေါက်ကောင်ရေ (၁၅၀၀၀၀) ကောင် စိုက်ထည့်ခြင်းကို ယနေ့နံနက်(၁၁)နာရီအချိန်က ကုန်းကျိုင်းကျေးရွာအုပ်စု၊ ဟန်လွှဲကျေးရွာရှိ ပုံးအင်းဒေသ ၌ စိုက်ထည့်ခဲ့ကြသည်။ ငါးသားပေါက်ကောင်များစိုက်ထည့်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ကျေးရွာရှိ ပြည်သူများက ငါးမြစ် ချင်းသားပေါက်ကောင်ရေ (၆၀၀၀၀)ကောင်၊ ငါးခုံးမသားပေါက်ကောင်ရေ (၆၀၀၀၀) ကောင်နှင့် ငါးဖိန်းသားပေါက်ကောင်ရေ(၃၀၀၀၀)ကောင် စုစုပေါင်းငါးသားပေါက်ကောင်ရေ (၁၅၀၀၀၀) ကောင် တို့ကို စိုက်ထည့်ခဲ့ကြကြောင်းသိရသည်။