နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ(၉၉)ဦး ထပ်မံတွေ့ရှိ

နွားထိုးကြီး ဩဂုတ် ၅

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့ဆက် စပ်သူများ၊ ဖျားနာခြင်း၊ အသက်ရှုကြပ်ပြီး ချောင်းဆိုးခြင်းတို့ကြောင့် နွားထိုးကြီးမြို့၊ပြည်ဆေးရုံသို့ လာရောက်၍ (RDT ) ဖြင့် ယမန်နေ့ ညနေ ၃နာရီအချိန်တွင်လာရောက်စစ်ဆေးရာ ကိုဗစ်- ၁၉ ရောဂါပိုး ထပ်မံ တွေ့ရှိကြောင်းသိရသည်။     

အဆိုပါကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ(၉၉)ဦးတို့သည် အမှတ်(၁)ရပ်ကွက်မှ(၃) ဦး၊ အမှတ်(၂)ရပ်ကွက်မှ(၅)ဦး၊ အမှတ်(၄)ရပ်ကွက်မှ (၂ )ဦး၊အမှတ်(၅)ရပ်ကွက်မှ (၃) ဦး၊ လက်သမားကန်ကျေးရွာ မှ (၁)ဦး၊မာန်လည် ကျေးရွာမှ (၄)ဦး၊ဆူးရစ်ကုန်း ကျေးရွာမှ (၁၄) ဦး၊ ဖောင်ချဉ်းကျေးရွာမှ (၄)ဦး ၊ဘုရားကြီး ကျေးရွာမှ (၁)ဦး၊ပြရာချောင်း ကျေးရွာမှ (၃)ဦး၊ပဲချက် ကျေးရွာမှ (၁)ဦး၊ ရွာသစ် ကျေးရွာမှ (၃၉)ဦး၊လက်ဝဲကျေးရွာမှ(၁)ဦး၊အုတ်တွင်းကျေးရွာမှ (၁)ဦး၊အိုးပုံတောကျေးရွာမှ (၁)ဦး၊မြင်းနီကျေးရွာ  မှ (၁)ဦး၊နနွင်းတော်ဘိုး ကျေးရွာမှ (၂)ဦး၊ ဝက်လူးကျေးရွာမှ (၅)ဦး၊ မိုးတိမ်ပြင် ကျေးရွဦမှ(၃)ဦး၊ထန်းဇင်ကျေးရွာမှ (၁)ဦး၊ မကြီးကုန်းကျေးရွာမှ(၁)ဦး၊ အင်ချောင်းကျေးရွာမှ(၁)ဦးတို့ နေမကောင်း ပြီးအနံ့ပျောက်နေ သဖြင့် နွားထိုးကြီး မြို့ ၊ပြည်သူ့ ဆေးရုံတွင် (RDT ) ဖြင့်စစ် ဆေးရာ ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့ရှိသဖြင့် နွားထိုးကြီးမြို့၊ ပြည်သူ့ ဆေးရုံအထူး ကုသဆောင်၊အောင်သဇင်  Q Center နှင့် မြို့နယ် အားကစား ခန်းမ၊ ရွာကြီး ကျေးရွာ အ.ထ.က၊ ကဒေါင်းကျေးရွာ အ.ထ.က နှင့်နေအိမ် တွင်းသီးသန့် ထားရှိ၍ ဆေးဝါး ကုသပေး လျက်ရှိကြောင်း သိရသည်။

နွားထိုးကြီးမြို့ ပြည်သူ့ ဆေးရုံတွင် ရောဂါပျောက်ကင်းသဖြင့်ဆေးရုံ မှဆင်းခွင့် ရသူ (၅၄၀) ဦး၊ ဆေးရုံတက်ကုသ သူ(၁၄၁၉)ဦး၊ သေဆုံးသူ (၂၇)ဦး ရှိကြောင်း သိရသည်။

သန်းအောင်ဇော်