လားရှိုး ဩဂုတ် ၅
လားရှိုးခရိုင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ၏ကြီးကြပ်မှုဖြင့် လားရှိုးမြို့ ယူနန်ဘုံ ကျောင်းမှ လားရှိုးမြို့နယ်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု(၄၇၅၀)အတွက် ဒုတိယအကြိမ် ဆန်နှင့် စားသောက်ကုန်များ လှူဒါန်းခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က လားရှိုးမြို့ ယူနန်ဘုံကျောင်း တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ လှူဒါန်းရာတွင် အိမ်ထောင်စုတစ်စုလျင် ဆန်(၅)ပြည်နှုန်းဖြင့် ဆန်အိတ်(၁၂၀၀)အိတ်ကို လည်းကောင်း၊ အိမ်ထောင်စုတစ်စုလျင် ကြက်သွန်နီ(၁)ပိဿာနှုန်းဖြင့် ကြက်သွန်နီ (၄၇၅၀)ပိဿာ အား လည်းကောင်း လှူဒါန်းခဲ့ရာ ခရိုင်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ ဥက္ကဌ ဦးမျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
ယခုထောက်ပံ့လှူဒါန်းသော ဆန်နှင့်ကြက်သွန်နီများအား ရပ်ကွက်အလိုက် ရပ်ကွက်အုပ်ချုပ်ရေးမှူး များမှတဆင့် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် အိမ်အရောက်လိုက်လံပို့ဆောင်သွားမည်ဖြစ်ပါကြောင်း၊ ယူနန်ဘုံကျောင်းသည် ဒုတိယအကြိမ်လှူဒါန်းခြင်းဖြစ်ပြီး ဆန်နှင့်စားသောက်ကုန် လှူဒါန်းမှုအတွက် စုစုပေါင်း တန်ဖိုးငွေကျပ်(၃၃၅)သိန်းကျော်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဥမ္မာချို