လဟယ်မြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တတိယအသုတ်ထိုးနှံ

လဟယ် ဩဂုတ် ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တတိယအသုတ်ထိုးနှံခြင်းကို ယနေ့ နံနက်(၉) နာရီမှ စတင်၍ လဟယ်မြို့အထက်တန်း ကျောင်း သီတဂူကျောင်း ဆောင်၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ လဟယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူ အနေဖြင့် ပထမအ သုတ်တွင်(၁၈၄၇)ဦး၊ ဒုတိယအသုတ်တွင်(၁၀၅) ဦး ၊ တတိယအသုတ်တွင်(၂၇၃)ဦး ဖြစ်၍လဟယ်မြို့နယ်အတွင်း ကိုဗစ်ကာကွယ်ဆေးထိုးပြီး သူပေါင်း(၂၂၂၅)ဦး ဖြစ် ကြောင်း သိရသည်။ 

အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံနေမှုကို နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ၊ဥက္ကဋ္ဌ ဦးထွန်းထွန်း၀င်း၊ အတွင်းရေးမှူးဦးနေမင်းသူနှင့်အဖွဲ့၀ င်များ၊လဟယ်မြို့နယ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်၀င်းနှင့် အဖွဲ့၀င်များကသွားရောက်ပြီးကိုဗစ်-၁၉အသိပညာပေး လက်ကမ်းစာစောင်များဖြန်းဝေပေးခဲ့ပြီး ကာကွယ်ဆေးထိုးနှံနေမှု အား ကြည့်ရှု့ခဲ့ကြောင်း သိရသည်။ ထို့နောက် လဟယ်မြို့ ၀င်/ထွက် စစ်ဆေးရေးဂိတ်ဖြစ်သော လဟယ်-ဆင်သေ မြို့၀င်ဂိတ်အမှတ်(၁)နှင့် နန်းယွန်း-လဟယ်စစ်ဆေးရေးဂိတ် အမှတ်(၂)တို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်၊ထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေကိုသွားရောက်စစ်ဆေးခဲ့ပြီးလိုအပ်သည်များဖြည့်ဆည်းပေးခဲ့ကြောင်းသိရသည်။ ၎င်းနောက် လဟယ်မြို့ အားကစားကွင်းတွင်ယာယီ Quarantine centre ဆောင်ရွက်ထားရှိမှုကို သွားရောက် စစ်ဆေးကြည့်ရှု့ခဲ့ကြောင်း သိရသည်။