နမ္မတူ ဩဂုတ် ၆
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ နမ္မတူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ ဝန်ထမ်းများအား ပါးစပ်နှင့်နှာခေါင်းစည်း (Mask)နှင့် အခြေခံစားသောက်ကုန် (၂)မျိုး ထောက်ပံ့ ပေးအပ်ခြင်းကို ယနေ့နံနက် (၁၀)နာရီ အချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ထောက်ပံပေးအပ်ရာတွင် နမ္မတူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးရာဇာလင်းတို့က ဝန်ထမ်းတစ်ဦးလျှင် ပါစပ်နှင့်နှာခေါင်းစည်း (Mask) (၅၀)ခု၊ ဆန် (၂)ပြည်နှင့် ဘဲဥအလုံး (၁၅)လုံးနှုန်းဖြင့် စုစုပေါင်းဝန်ထမ်း (၄၆)ဦးတို့ အတွက် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) (၂၃၀၀)ခု၊ ဆန် (၉၂)ပြည်နှင့် ဘဲဥအလုံး (၆၉၀)လုံးအား ဝန်ထမ်းများ လက်ဝယ်အရောက် ထောက်ပံပေးအပ် ခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)