ဒဂုံမြို့သစ် ( တောင်ပိုင်း ) မြို့နယ်​​ အောင်မြင့်မိုရ်အိမ်ရာတွင် 400KVA Tr နှစ်တိုင်စင်တည်ဆောက်

ဒဂုံတောင်  သြဂုတ် ၆

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အောင်မြင့် မိုရ်အိမ်ရာတွင် ကိုဗစ်-၁၉ရောဂါ ကုသရေးစင်တာအား ပြန်လည်ဖွင့်လှစ်​ခဲ့ပြီး ဇူလိုင်၂၀ရက်​နေ့မှ စတင်ကာ လူနာများအား လက်ခံကုသပေးလျက်ရှိသည်။

အဆိုပါ ကုသရေးစင်တာတွင် Oxygen Plant တည်ဆောက်ပါက ဓာတ်အား အသုံးပြုနိုင်ရန်အတွက် 400KVA Tr နှစ်တိုင်စင် တည်ဆောက်ခြင်းအား မြို့နယ်လျှပ်စစ်ဌာနမှ ယနေ့နံနက် ၁၁နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်မြင့်မိုရ်ကုသရေးစင်တာတွင် ယမန်နေ့အထိ ဆေးရုံတက်ရောက်သူ (၂၀၃)ဦးဖြစ်ပြီး သေဆုံးသူ (၉)ဦး ဆေးရုံဆင်းသူ(၇၁)ဦးရှိကြောင်း မြို့နယ်အဆင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)