ဘားအံ ဩဂုတ် ၆
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသထိန်းချုပ်ခြင်းအတွက် ပြည်သူများ ကာကွယ်ဆေးထိုးနှံပေးခြင်းကို စုရပ်(၇)နေရာတွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ(၃၀)ရက်နေ့က စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဘားအံမြို့နယ်အတွင်း ကာကွယ်ဆေးများကို ဇူလိုင်လ(၃၀)ရက်နေ့မှ ယမန်နေ့ကအထိ သတ်မှတ်ထားသည့် စုရပ်(၇)နေရာတွင် နံနက်(၉:၀၀)နာရီမှ ညနေ(၄:၀၀)နာရီ ထိုးနှံပေးရာတွင် ကာကွယ် ဆေးထိုးနှံပေးရန် သတ်မှတ်ထားသည့် ဦးစားပေးအုပ်စုတွင် ပါဝင်သည့် အသက်(၆၅)နှစ်အထက်(၃၄၈၂)ဦး၊ အစိုးရ/ ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်း(၁၆၈)ဦး၊ volunteer/ ပရဟိတ(၆၄၄)ဦး၊ ဘိုးဘွားရိပ်သာရှိ ဘိုးဘွား(၇)ဦး၊ ဘုန်းကြီး/သီလရှင် ၊ ဘာသာရေးကျောင်း(၅၃၄) ၊ နိုင်ငံ့ဝန်ထမ်း(၁၂၆၁)ဦး ၊ နိုင်ငံ့ဝန်ထမ်းမိသားစု (၂၄၁)ဦး ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်း(၂၂)ဦး၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံဝန်ထမ်း(၁၅၉)ဦး၊ ဟိုတယ်/မိုတယ်/ တည်းခိုခန်းမှ(၈၃)ဦး ၊ အကျဉ်း/ အချုပ်သား(၁၀၄၁)ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်းမှ (၂၄)ဦး၊ Supermarket/ဈေးမှ(၂၈၁၀)ဦး စုစုပေါင်း(၁၀၄၆၆)ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း ဘားအံမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်း ချုပ်ရေးကော်မတီထံမှ သိရှိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးကော်မတီဝင်များ ၊ volunteer များ ၊ ဌာနဆိုင်ရာဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာခြင်း ၊ သွေးပေါင်ချိန်ခြင်းနှင့် ရောဂါအခံရှိ/ မရှိမေးမြန်းခြင်း ၊ သွေးအတွင်းအောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာခြင်း တို့ကို ဆောင်ရွက်ပေးခဲ့ပြီး ကာကွယ်ဆေးထိုးနှံပြီးသူများကို မိနစ်(၃၀)ခန့် အနားယူစေခြင်းများ စီစဉ်ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။