မိုးမိတ် ဩဂုတ် ၆ ရက်
UPG Paint & COATING Co.,LTD သည် မြန်မာနိုင်ငံအဝန်း ကိုဗစ်-၁၉ ရောဂါကြောင့် အောက်ဆီဂျင် လိုအပ်လျက်ရှိသော လူနာများအတွက် အောက်ဆီဂျင်လိုအပ်ချက်များအား ဖြည့်ဆည်း နိုင်ရေးအတွက် ရည်ရွယ်၍ Oxygen Concentrators များကို နိုင်ငံအဝန်းတွင် လှူဒါန်းလျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေး လုပ်ငန်းစဉ်များအား အရှိန်အဟုန်မြင့်ဆောင်ရွက်နိုင်ရေးအတွက် ယနေ့နံနက် ၁၁နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်ပြည်သူ့ဆေးရုံသို့ Oxygen Concentrators နှစ်လုံး ပေးအပ်လှူဒါန်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် UPG Paint & COATING Co.,LTD ကိုယ်စား မိုးမိတ်မြို့မှ UPG ကိုယ်စားလှယ် ဒေါ်အေးမြင့်ဆွေမှ Oxygen Concentrators နှစ်လုံး ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာနေဝင်းလှိုင်က လက်ခံရယူခဲ့ကြောင်း သိရသည်။
မိုးမိတ်သား(စည်သူဌေး)