သတင်းများ

ကျေးသီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ (၁၂)ဦးထပ်မံစစ်ဆေးတွေ့ရှိ
Aug 07,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်ပြည်သူ့ဆေးရုံ၌ သြဂုတ် (၃)ရက်နေ့က ကိုဗစ်-၁၉ရောဂါပိုး  တွေ့ရှိခဲ့သည့်အမျိုးသားနှင့်ဆက်စပ်သူ  များ၊သြဂုတ် (၆)ရက်နေ့က ကျေးသီးမြို့မရဲစခန်းမှရဲဝန်ထမ်း(၃)ဦးသည် အနံ့မရရှိသဖြင့် ပြည်သူ့ဆေးရုံသို့ သွားရောက်ပြသ၍ RDTစက်ဖြင့် စမ်းသပ်စစ်ဆေးခဲ့ရာ  ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့သဖြင့် ယင်းတို့နှင့်ဆက်စပ်သူများ စုစုပေါင်း(၃၉)ဦးအား  သြဂုတ် (၆ )ရက်နေ့နံနက်ပိုင်းမှစတင်၍ စစ်ဆေးခဲ့ရာအဆိုပါ(၃၉)ဦးအနက်(၁၂)ဦး၌ ရောဂါပိုးစစ်ဆေးတွေ့ရှိ  ကြောင်းသိရသည်။
ကျေးသီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းဆောင်ရွက်
Aug 07,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကြို တင်ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းကို သြဂုတ် ၆ ရက်နေ့ မွန်းလွဲပိုင်းက မီးသတ်တပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကျောက်မဲမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အသိပညာပေးဆော်ဩဆောင်ရွက်ခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိ
Aug 07,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ ကျောက်မဲမြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများ အသိပညာပေးဆော်ဩခြင်းမျာကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈  နာရီအချိန်က ပြန်ကြားရေးနှင့်ပြည့်သူဆက်ဆံရေးဌာနနှင့် အဖွဲ့တို့သည်  မြို့ပေါ်ရပ်ကွက်များနှင့် မြို့ပတ်ဝန်းကျင် ကျေးရွာများသို့ အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေးဆော်ဩခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ် - ၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်ကာကွယ်တုံပြန်ရေးကော်မတီနှင့် ပရဟိတအသင်းများ တွေ့ဆုံဆွေးနွေး
Aug 07,2021
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်ကာကွယ်တုံပြန်ရေး ဂန့်ဂေါခရိုင်အဆင့် ကော်မတီနှင့် မြို့နယ်အဆင့်ကော်မတီ၊ မြို့မိမြို့ဖများ၊ ပရဟိတအသင်းများသည် ကိုဗစ်- ၁၉ ကာကွယ် ထိန်းချုပ်ရေးအတွက် သြဂုတ် ၆ ရက်နံနက်က ခရိုင်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးကြသည်။
မြို့ရွာဖွံဖြိုးရေး ဦးစီးဌာန(လွိုင်ကော်)စခန်းသာယာရေး ကော်မတီမှ တိုက်ခန်း(၃ဝဝ) အတွက် အခြခံစား​ သောက်ကုန်သုံးမျိုးနှင့် ​ရွှေလွိုင်ကော် ပရဟိတအသင်းအတွက် ငွေကျပ် (၅)သိန်း ပေးအပ်လှူဒါန်း
Aug 07,2021
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ နောင်ယား(က) ရပ်ကွက်ရှိ မြို့ရွာနှင့် ဖွံဖြိုးရေး ဦးစီးဌာန၊ စခန်းသာယာရေး ကော်မတီမှ ယနေ့နံနက် ၁၁ နာရီအချိန်က အဝေရာ ဓမ္မာရုံတွင် ရွှေလွိုင်ကော် ပရဟိတအသင်းအား ငွေကျပ်(၅)သိန်းနှင့် မြို့ရွာအိုးအိမ် အခန်းပေါင်း (၃၀၀) အတွက်ကြက်ဥ အလုံးသုံးထောင်၊ ကြက်သွန်အချိန် (၁၇၀)နှင့် ကုလားပဲအချိန်(၆၀)ကို အိမ်ထောင်စု တစ်စုလျှင် ကြက်ဥ ၁၀ လုံး၊ ကြက်သွန်နီ (၅) ဆယ်သား ကုလားပဲ ၂၅ ​ကျပ်သား တို့အား ပေးအပ်လှူဒါန်းခြင်းကို ဆောင်ရွက်ခဲ့သည်။
ပလောက်မြို့၊ အမှတ်(၁)ရပ်ကွက်၌ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျခဲ့သည့်အိမ်ခြေ(၁)လုံးအ တွက်ထောက်ပံ့ပစ္စည်းများပေးအပ်
Aug 07,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အမှတ်(၁)ရပ်ကွက်၌ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လှဲ၍ ပြိုကျခဲ့သည့်အိမ်ခြေ(၁)လုံးအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယနေ့ နေ့လယ် ၁ နာရီခွဲက မြို့အထွေထွေ အုပ်ချုပ်ရေးမှူးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးဝေ၊ ပုလောမြို့နယ် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ ဒုတိယမြို့နယ်တပ်ဖွဲ့မှူး ဦးဝင်းသိန်းနှင့် အဖွဲ့တို့က ပေးအပ်ခဲ့ကြောင်း သိရသည်။
နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူ(၁၆)ဦး ထပ်မံတွေ့ရှိ
Aug 07,2021
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူများနှင့် ထိတွေ့ဆက် စပ်သူများ၊ ဖျားနာခြင်း၊ အသက်ရှုကြပ်ပြီး၊ ချောင်းဆိုးခြင်းတို့ကြောင့် နွားထိုးကြီးမြို့၊ ပြည်ဆေးရုံသို့ လာရောက်၍ (RDT)ဖြင့် ယမန်နေ့ ညနေ ၃ နာရီအချိန်တွင် လာရောက် စစ်ဆေးရာ ကိုဗစ်-၁၉ရောဂါပိုး ထပ်မံတွေ့ရှိကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့၌လူဦးရေ(၁၀၀၀)ကျော်ကိုဗစ်-၁၉‌ရောဂါကာကွယ်‌ဆေးထိုးနှံပြီးဖြစ် ဆေးထိုးစုရပ်၌ ကာကွယ်ဆေး ဆက်လက်ထိုးနှံဆောင်ရွက်လျက်ရှိ
Aug 07,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ရှိ ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးစုရပ်ဖြစ်သည့် အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့ ဩဂုတ်လ ၇ ရက်နေ့ နံနက်(၈) နာရီခွဲအချိန်၌ ပထမအကြိမ်ကာကွယ်ဆေးထိုးရက်(၅)ရက်မြောက်နေ့အဖြစ်ဆက်လက်ထိုးနှံ‌ဆောင်ရွက်ပေးလျက်ရှိရာ မြို့ပေါ်ရှိ ဈေးများမှဈေးရောင်းချသူများ/မြို့တွင်းရှိဈေးဆိုင်များမှဈေးရောင်းချသူများကိုပါ ဦးစားပေးအဆင့်အလိုက်ဆက်လက် ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။