ဂန့်ဂေါ သြဂုတ် ၇
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်ကာကွယ်တုံပြန်ရေး ဂန့်ဂေါခရိုင်အဆင့် ကော်မတီနှင့် မြို့နယ်အဆင့်ကော်မတီ၊ မြို့မိမြို့ဖများ၊ ပရဟိတအသင်းများသည် ကိုဗစ်- ၁၉ ကာကွယ် ထိန်းချုပ်ရေးအတွက် သြဂုတ် ၆ ရက်နံနက်က ခရိုင်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးကြသည်။
ထိုသို့ဆွေးနွေးရာတွင် ခရိုင်နယ်မြေအတွင်း ကိုဗစ်-၁၉ ရောဂါထိရောက်စွာကာကွယ်ထိန်းချုပ် နိုင်ရေး၊ ကာကွယ်ဆေးထိုးနှံမှုအခြေအနေများ၊ ကာကွယ်ဆေးဆက်လက်ထိုးနှံနိုင်ရေး၊ အောက်ဆီဂျင် ထုတ်ယူရရှိမှု အခြေအနေများ၊ ဂန့်ဂေါမြို့တွင် အောက်ဆီဂျင်စက်ရုံဆောက်လုပ်နေမှု အခြေအနေများ၊ ပရဟိတအသင်းများ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ဆက်လက်ဆောင်ရွက်ရန် လုပ်ငန်းများတို့ကို ဆွေးနွေးညှိနှိုင်းကြကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)