ကျောက်မဲ ဩဂုတ် ၇
ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ ကျောက်မဲမြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများ အသိပညာပေးဆော်ဩခြင်းမျာကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည့်သူဆက်ဆံရေးဌာနနှင့် အဖွဲ့တို့သည် မြို့ပေါ်ရပ်ကွက်များနှင့် မြို့ပတ်ဝန်းကျင် ကျေးရွာများသို့ အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေးဆော်ဩခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆော်ဩဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါတတိယလှိုင်းအတွင်း ကျောက်မဲမြို့နယ် အပါအဝင် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုအခြေအနေများ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ပြည်သူများ သိရှိလိုက်နာရမည့် အချက်များ၊ အနံ့မရခြင်း၊ ဖျားနာ/ချောင်းဆိုးခြင်း၊ လတ်တလောမောပန်းလာခြင်းစသည့် ရောဂါလက္ခဏာများဖြစ်ပေါ်လာပါက ဆေးရုံသို့ ချက်ချင်းအကြောင်းကြားရန်၊ စားသောက်ဆိုင်များအားလုံး Take Away ပါဆယ်စနစ်ဖြင့်သာရောင်းချရန်၊ ရပ်ကွက်အတွင်းသို့ အခြားဒေသမှ ပြန်လာသူများရှိပါက သက်ဆိုင်ရာ ရပ်ကွက်တာဝန်ရှိသူထံနှင့်ဆေးရုံသို့ အကြောင်းကြားရန် ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ တားမြစ်ချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ကြရန် အစရှိသည်တို့ကို အသိပညာပေး ဆော်ဩခဲ့ကြောင်း သိရသည်။
မိုင်ထွန်း(ပြန်/ဆက်)