ကျေးသီး သြဂုတ် ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကြို တင်ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းကို သြဂုတ် ၆ ရက်နေ့ မွန်းလွဲပိုင်းက မီးသတ်တပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျေးသီးမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးထက်၏ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြင့်ဝင်းကြိုင် နှင့်မီးသတ်တပ်ဖွဲ့ ဝင်များကမြို့နယ်ခန်းမ၊ မိုင်းရယ် ကျန်းမာရေးစစ်ဆေးရေးဂိတ်၊မိုင်းနောင် ကျန်းမာရေးစစ်ဆေးရေးဂိတ်နှင့် ပိုးတွေ့လူနာနေအိမ်များတို့ ကိုဗစ်-၁၉ရောဂါ ပိုးကူးစက် ပြန့်နှံ့မှုမရှိစေရန်နှင့် ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက်ပိုးသတ်ဆေးဖျန်းခြင်း သွားရောက် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြိုနယ်(ပြန်/ဆက်)