သတင်းများ

လွိုင်လင်ခရိုင်အတွင်းရှိ မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ နမ့်စန်တွင်ကျင်းပ
Aug 08,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် လွိုင်လင်ခရိုင်အတွင်းရှိ မသန်စွမ်းသူ များအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နေလယ် ၁ နာရီခွဲ က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
မိုင်းရှူးမြို့နယ်အတွက် ခွဲဝေရရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ အားလုံးထိုးနှံပေးပြီးဖြစ်
Aug 08,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများကို ဇူလိုင်လ ၃၁ ရက်နေ့မှ စတင်ထိုးနှံပေးခဲ့ပြီးယမန်နေ့ဩဂုတ် လ ၆ရက် နေ့တွင် မြို့နယ်အတွက် ခွဲတမ်းရရှိထားသော (Sinopharm) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများအားလုံးကို အပြီးသတ် ထိုးနှံ ပေးနိုင်ခဲ့ပြီဖြစ်သည်။
ပန်ဆိုင်းကြူကုတ်မြို့၌ အသက်(၆၅)နှစ်နှင့်အထက် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး များထိုးနှံပေး
Aug 08,2021
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌ အသက်(၆၅)နှစ် အထက် သက်ကြီး ဘိုးဘွားများကို ဒုတိယအသုတ်ရောက်ရှိလာသော ကိုဗစ်- ၁၉ ရောဂါကာကွယ် ဆေးများ ထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီက ပန်ဆိုင်း(ကြူကုတ်)မြို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၌ ယနေ့နံနက်၉နာရီက ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ယင်းမာပင်မြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း ဒုတိယနေ့အဖြစ် ဆက်လက်ထိုးနှံပေး
Aug 08,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက် (၆၅)နှစ် အထက်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက စတင်ထိုးနှံပေးလျက်ရှိရာ (၈၆၂)ဦး ကို ကာကွယ်ဆေး ထိုးနှံခဲ့ပြီး ယနေ့ ဒုတိယနေ့အဖြစ် နံနက် ၈ နာရီမှ ညနေ ၃ နာရီအထိ ဆက်လက် ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။
ဟားခါး၊ ထန်တလန်နှင့် မတူပီမြို့နယ်များအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm (၂၅၆၅) ပုလင်း ဟားခါးမြို့သို့ ရောက်ရှိ
Aug 08,2021
ချင်းပြည်နယ်အတွင်းရှိ ဟားခါးမြို့နယ်၊ ထန်တလန်မြို့နယ်နှင့် မတူပီမြို့နယ်များအတွက် ပေးပို့လာ သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ( ၂၅၆၅ ) ပုလင်းကို ယမန်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်တွင် ဟားခါးမြို့သို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။
တောင်သာမြို့နယ်တွင် Oxygen Plan စက်ရုံတည်ဆောက်ရန်အတွက် အောက်ဆီဂျင်စက် ပစ္စည်းကိရိယာများရောက်ရှိ
Aug 08,2021
တောင်သာ ဩဂုတ် ၈ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် ကိုဗစ်-၁၉ တတိယလှိုင်းဖြစ်ပွားမှုမြင့်တက်လျက် ရှိသောကြောင့် ပြည်သူများအားစောင့်ရှောက်မှုပေးရာတွင် အောက်ဆီဂျင်လုံလောက်စွာ ရရှိနိုင်ရေး OxygenPlan စက
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း Myanmar New Hope Farms Co., Ltd ၏ တိရစ္ဆာန် မွေးမြူရေး အစာစပ်စက်ရုံသို့ သွားရောက်ကြည့်ရှု
Aug 07,2021
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ မွန်းလွဲပိုင်းက ပဲခူးမြို့၊ ပြည်ပစက်မှုဇုန်နယ်မြေတွင် တည်ဆောက်ထားသည့် Myanmar New Hope Farms Co., Ltd ၏ တိရစ္ဆာန် မွေးမြူရေးအစာစပ်စက်ရုံသို့ သွားရောက်ကြည့်ရှုခဲ့သည်။
ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း နမ့်စန်မြို့နယ် အောက်ဆီဂျင်စက်ရုံသို့ လာရောက်ကြည့်ရှု၍ အောက်ဆီဂျင်အိုးများပေးအပ်လှူဒါန်း
Aug 07,2021
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များသည် နမ့်စန်မြို့တွင် အောက်စီဂျင်စက်ရုံ စတင်လည်ပတ် ဖြန့်ဖြူးနေမှုအခြေအနေ များကို ယနေ့နေ့လည် ၁၂ နာရီခွဲက လာရောက်ကြည့်ရှုစစ်ဆေးပြီး ဂုဏ်ပြုအားပေးစကား ပြောကြားခဲ့ကြောင်းသိရသည်။