စဉ့်ကိုင်မြို့နယ် ဖလံဗိုလ်ကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလိုက်နာရမည့်အချက်များ ပြည်သူ များ သိရှိစေရန်အသိပညာ ပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်းများဖြန့်ဝေ

စဉ့်ကိုင် သြဂုတ် ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ဖလံဗိုလ်ကျေးရွာတွင် ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များ ပြည်သူများ တိတိကျကျ လိုက်နာဆောင်ရွက်စေရန် ကိုဗစ် - ၁၉ ရောဂါ  ကြိုတင်ကာကွယ်ရေး  အသိပညာပေး နှိုးဆော်ခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်း ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့ နံနက် (၈) နာရီ၌ ဖလံဗိုလ်ကျေးရွာအတွင်း လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ အသိပညာပေးနှိုးဆော်ရာတွင် အသက်(၆၅)နှစ် အထက်အဘိုးအဘွားများအား ကိုဗစ်−၁၉ ကာကွယ်ဆေးများကို စဉ့်ကိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် နံနက် ၉ နာရီမှ ညနေ(၃)နာရီအထိ ထိုးနှံပေးလျက်ရှိရာ သွားရောက်ထိုးနှံကြရေး၊ ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ် ရေးအတွက် အတတ်နိုင်ဆုံး နေအိမ်အတွင်းသာ နေထိုင်ကြရန်၊  မိမိအိမ်တွင် ပြင်ပမှလာသော ဧည့်သည် လက်မခံရန်နှင့် မိမိကလည်း အခြားသူများထံ သွားရောက်ခြင်း မပြုရန်၊ မဖြစ်မနေအရေးကြီးကိစ္စကြောင့်   နေအိမ် ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်ရန်၊ လက်ကိုဆေးကြော ခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သပ်ခြင်း၊ ကိုင်တွယ်ခြင်း၊ ထိတွေ့ခြင်း၊ မပြုလုပ်ကြရန် နှင့် (Mask) မတပ်ဆင်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ လေဝင်လေထွက် မကောင်းသော အခန်းများကို ရှောင်ရန်နှင့် မိမိတို့နေအိမ်များကို ပြတင်းတံခါးများဖွင့်ပြီး လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ကြရန်၊ နှာခေါင်းစည်းများကို အိမ်အပြင်တွင် စနစ်တကျ စွန့်ပစ်ရန်နှင့် ကိုဗစ်-၁၉ ကူးစက်ခံနေရ သည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများနှင့် ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူကြပါရန်၊ ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ကာကွယ် တားဆီးထိန်းချုပ်နိုင်ရန်  ပြည်သူများအားလုံး ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင်ပေးကြရန် အသိပညာပေးနှိုးဆော်ခဲ့ပြီး နှာခေါင်းစည်း များ  ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဝင်းဝင်းသန်း