မြို့သစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်

မြို့သစ် ဩဂုတ် ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ပြည်သူအများ ပူးပေါင်း ပါဝင်လာ စေရေး အသိပညာပေးခြင်းကို ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီက မြို့သစ်မြို့၊ တမူး-စေတီကားလမ်း၌ ဆောင်ရွက်ခဲ့သည်။

လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်၍ ပြည်သူအများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်‌ရေး၊ အတတ်နိုင်ဆုံး အိမ်တွင်း၌သာ နေထိုင်ကြရန်၊ တစ်စုံတစ်ခုကို ကိုင်တွယ်ထိတွေ့ပြီးတိုင်း သို့မဟုတ် အပြင်မှ ပြန်လာပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာ အောင် စနစ်တကျ ဆေးကြောရန်၊ မဖြစ်မနေ အရေးကြီးကိစ္စရှိမှ အိမ်အပြင်ထွက်ကြရန်နှင့် အပြင်ထွက်ပါကလည်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်ရန်၊ မိမိနှင့် မိမိတို့ပတ်ဝန်းကျင်၌ ရောဂါပိုး ကူးစက်ခံရသည်ဟု သံသယလက္ခဏာများ ဖြစ်ပွားပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ စစ်ဆေးကုသမှု ခံယူကြရန် စသည့် ကျန်းမာရေးနှင့် ပတ်သက်သည့် လိုက်နာရမည့်အချက်များကို အသိပညာ‌ပေးပြီး လမ်းသွားလမ်းလာ ပြည်သူများအား (Mask)များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထွန်းမင်းအောင်