လေးမျက်နှာ သြဂုတ် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် စေတနာ့ဝန်ထမ်းလက်စွဲ စာအုပ်ရှင်းလင်းပွဲ အခမ်းအနားကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ေရးအဖွဲ့ဥက္ကဌဦးသိန်းဆိုင်မှ စေတနာ့ဝန်ထမ်းများအား လုပ်ကိုင် ဆောင်ရွက် မှုနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန်းစန်းဝင်းမှ စေတနာဝန်ထမ်းလက်စွဲစာအုပ်အား ရှင်းလင်းပြောကြားပြီး စေတနာ့ ဝန်ထမ်း လက်စွဲစာအုပ်များဝေပေးခဲ့သည်။ အခမ်းအနားကို စေတနာ့ဝန်ထမ်း(၃၇) ဦးဖြင့် အဖွဲ့(၂)ခွဲ၍ ကိုဗစ်-၁၉လမ်း ညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝေဝေ(လေးမျက်နှာ)