ပလောက် ဩဂုတ် ၁၀
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ ပလောက်မြို့၊ နန်းသီလာကျေးရွာအုပ်စုအတွက် ကာကွယ် ဆေးမထိုးနှံရသေးသော သံဃာတော်များ၊ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီး ရွယ်အိုများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတ စေတနာ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်း များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယနေ့ နံနက် ၈ နာရီခွဲ က ပလောက်မြို့မြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး ရွှေသီလာရတနာခန်းမ၌ ကာကွယ်ဆေးထိုးနှံ ပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆေးရုံတပ်စု(ပလောက်)မှ ဆရာဝန်သူနာပြု တို့က ပထမအကြိမ် ထိုးနှံပေးခြင်းဖြစ်သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာသို့ ပလောက်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးဝေနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နှင်းမြူလွင် (ပလောက် ပြန်/ဆက်)