မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ဈေးရောင်းချ ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မြောက်ဥက္ကလာပ ဩဂုတ် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ဈေးများတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဈေးရောင်းသူများ ရောင်းချခြင်းရှိ/မရှိ စစ်ဆေး​ခြင်းကို ယနေ့ နံနက် ၉ နာရီက (က)ရပ်ကွက်ရှိ နွယ်သာကီဈေးနှင့် (ခ)ရပ်ကွက်ရှိ သိဒ္ဓိမင်္ဂလာဈေးတို့တွင် ​မြောက်ဥက္ကလာပမြို့နယ် စည်ပင်အုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်၊၊

ထို့သို့ ကွင်းဆင်းရာတွင် မြောက်ဥက္ကလာပမြို့နယ် စည်ပင်အုပ်ချုပ်ရေးမှူး ဦးအောင်မင်းဦးဆောင်၍ ဝန်ထမ်းများက ဈေးရောင်းချသူများ ဈေးရောင်းရာတွင် နှာခေါင်းစည်း Mask စနစ်တကျတပ်ဆင်ခြင်း ရှိ/မရှိ၊ ဈေးဝယ်သူများအား ဈေးရောင်းချရာတွင် စနစ်တကျ ရောင်းချခြင်း ရှိ/မရှိစစ်ဆေးကြည့်ရှုခဲ့ပြီး ဈေးရောင်းချသူများအနေဖြင့် အရာဝတ္ထုများကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာ (သို့မဟုတ်) Hand Gelဖြင့် မကြာခဏ ဆေးကြောရန်၊ ဖြစ်နိုင်ပါက လက်အိတ်စွတ်၍ ရောင်းချရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များအတိုင်းလိုက်နာဆောင်ရွက်ရန် စသည်တို့ကို အကြံပြု ပြောကြားခဲ့ကြောင်းသိရသည်၊၊

မြမြဝင်း