ကျောက်ဆည်မြို့နယ်တွင် စက်ရုံ၊အလုပ်ရုံဝန်ထမ်းများအား ကိုဗစ်-၁၉ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ကျောက်ဆည်  ဩဂုတ်  ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ စုကြီးရပ်ကွက်၊ မြို့တော်ခန်းမတွင် ကိုဗစ်-၁၉ ကာကွယ် ဆေးများထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် ၉နာရီခွဲကအင်းကုန်းမြန်မာ့လယ်ယာသုံး စက်ကိရိယာ စက်ရုံ၊ အမှတ်(၂)အင်းကုန်းလယ်ယာသုံး စက်ရိယာသုတေသန အလုပ်ရုံ၊ အမှတ်(၂) ပင်မစက်ပြင် အလုပ်ရုံ၊အင်ရောင်း ဆေးဝါးစက်ရုံများမှဝန်ထမ်းများအား ဆက်လက်ထိုးနှံ ပေးလျက် ရှိကြောင်း သိရသည်။

ကာကွယ်ဆေးများထိုးနှံပေးရာတွင် ခရိုင်/မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များ၊ ကျောက်ဆည် ခရိုင်အထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာ ဝင်းမော်၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ရဲဝင်းနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်ပူးပေါင်း၍ အဖွဲ့(၃)ဖွဲ့ခွဲကာ  အင်းကုန်း မြန်မာ့လယ်ယာသုံး စက်ကိရိယာစက်ရုံ၊ အမှတ်(၂) အင်းကုန်း လယ်ယာသုံး စက်ရိယာသုတေသနအလုပ်ရုံ၊ အမှတ်(၂)ပင်မ စက်ပြင်အလုပ်ရုံ၊ အင်ရောင်း ဆေးဝါး စက်ရုံမှဝန်ထမ်း(၁၇၂)ဦးအား ဦးစားပေးထိုးနှံပေးခဲ့ပြီး သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင် နေသူ(၃၈)ဦး ၊ ပြည်သူ(၅၀)ဦးတို့ကိုလည်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ကာကွယ်ဆေးများကို ထိုးနှံပေးလျှက်ရှိရာဩဂုတ်လ (၁၁)ရက်နေ့အထိ သံဃာတော်(၅၅၉)ပါး၊ အသက်(၆၅)နှစ် အထက်အဘိုးအဘွား (၁၅၇၈)ဦး၊ ကျန်းမာရေး ဝန်ထမ်း(၁၇၉)ဦး၊ လူမှုရေးအသင်းအဖွဲ့(၁၆၈)ဦး၊ ဘိုးဘွားရိပ်သာမှအဘိုးအဘွား (၇)ဦး ၊ နိုင်ငံ့ဝန်ထမ်းနှင့် မိသားစုဝင်(၇၁၂)ဦး၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်း(၈၀)ဦး၊ ဟိုတယ်မိုတယ် တည်းခိုခန်း လုပ်ငန်း လုပ်ကိုင်နေသူ (၈၆)ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်နေသူ(၅၆၄)ဦး ၊Super Market ဝန်ထမ်း(၃၈၃) ဦး၊စက်ရုံ အလုပ်ရုံဝန်ထမ်း (၃၁၀)ဦးနှင့် စုစုပေါင်း(၄၆၂၆)ဦးအား  ထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ကာကွယ် ဆေးများကို မြို့တော်ခန်းမတွင် နံနက်(၉) နာရီခွဲမှ ညနေ(၄)နာရီအထိ ဆက်လက်ထိုးနှံ ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

တင်တင်ထွေး