မြဝတီ သြဂုတ် ၁၄
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်အတွင်းရှိ ဈေးကွက်အတွင်း ဆေးဝါးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စေရေးအတွက် ယမန်နေ့နံနက် ၉ နာရီက လိုက်လံ စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ လိုက်လံ စစ်ဆေးခြင်းကို မြို့နယ်ဆေးဝါးနှင့်ဆေးပစ္စည်းများ စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေး အဖွဲ့မှဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ အတွင်းရေးမှူး ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူး ဦးနိုင်မိုးကို၊ တွဲဘက်အတွင်းရေး ကုန်သည်ကြီးများ အသင်းမှ ဦးဝင်းကျော်၊ အဖွဲ့ဝင်များဖြစ်သည့် မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူး မျိုးဝင်း၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက်ဆရာဝန် ဒေါက်တာ မျိုးသန့်ဇင်နှင့် တာဝန်ရှိသူများမှ မြို့ပေါ် ရပ်ကွက်များရှိ ဆေးဆိုင်များတွင် လိုက်လံ စစ်ဆေးခြင်းဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်မားနေသည့်ကာလတွင် ဈေးကွက်အတွင်း ကူးစက်ရောဂါ ကာကွယ် ကုသရေး ဆေးဝါး၊ ဆေးပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး သတ်မှတ် အရည်အသွေးနှင့် ဈေးနှုန်း မှန်ကန်စေရေးအတွက် ရည်ရွယ်၍ မြို့နယ်ဆေးဝါးနှင့်ဆေးပစ္စည်းများ စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအဖွဲ့ကို ဖွဲ့စည်း၍ ယခုကဲ့သို့ လိုက်လံစစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။
ထိန်လင်းအောင်