ရွှေပြည်သာ သြဂုတ် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်ရှိ အနောက် အုတ်ကျင်း ကျောင်းတိုက်နှင့် အမှတ်(၁၆)ရပ်ကွက်ရှိ တေဇာရာမကျောင်းတိုက်တို့တွင် ယနမန်နေ့ နေ့ယ် ၁၂ နာရီကသံဃာတော်နှင့် သီလရှင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက် ထိုးနှံပေး လျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရန် လာရောက်သည့်ဆရာတော်နှင့် သီလရှင်များကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦး၏ လမ်းညွှန်မှုဖြင့်မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်ပရဟိတအသင်းအဖွဲ့များ ပူးပေါင်း၍ အဝင်ဝတွင် လက်သန့် ဆေးရည်များဖျန်းပေးခြင်း၊ ကာကွယ်ဆေးထိုးနှံမည့်အမှတ်စဉ်နှင့် ဖောင်ပုံစံများပေးဝေခြင်း၊ သတ်မှတ် နေရာများတွင် ထိုင်စေခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊စာရင်းမှတ်တမ်းပေးသွင်း စေခြင်းတို့ကိုကျန်းမာ ရေးလမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်ပေးပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြသည်။ကာကွယ်ဆေး ထိုးနှံရခြင်းနှင့် ပတ်သက်၍ သက်တော်(၅၈)နှစ်ရှိဆရာ တော်ဦးစန္ဒိမာက" အခုလိုဘုန်းကြီးတို့ကာကွယ် ဆေးထိုးနှံရအောင် စီစဉ်ပေး လို့အတိုင်း မသိဝမ်းသာရပါတယ်၊ ထိုးပြီးတဲ့အချိန်မှာမိမိကိုမိမိယုံကြည်မှု ရှိလာပြီး ပျော်ရွှင်ရပါတယ်၊ ကိုဗစ်ဖြစ်လို့ သေတဲ့လူတွေရှိတော့မ သေချင် သေးဘူးလေ၊ ကျန်တဲ့ ဆရာတော်တွေ၊သီလရှင်တွေ ကာကွယ်ဆေးထိုးနှံကြပါလို့တိုက်တွန်း ချင်ပါတယ်"ဟုမိန့်ကြားသည်။
ကာကွယ်ဆေးထိုးနှံပေးရာသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးမိုး ကျော်အောင်နှင့် ကိုဗစ်ကော်မတီဝင် များကလာ ရောက်ကြည့်ရှု၍ နားနေခန်းတွင် မိနစ် ၃၀ နားနေစေခြင်း၊ ကျန်းမာရေးလမ်းညွှန်ချက်များနှင့် အညီနေစေခြင်းတို့ဖြင့်အားပေးစကားများပြောကြားပြီး ရွှေပြည်သာမြို့ပေါ်ရှိ အမှတ်(၁၀)၊အမှတ်(၁၁)၊ အမှတ်(၁၃)နှင့် အမှတ်(၁၈)ရပ်ကွက်များရှိ သံဃာတော်များနှင့်သီလရှင်များကို။ အနောက်အုတ်ကျင်း ကျောင်းတိုက်တွင်လည်းကောင်း၊ အမှတ်(၁၄)၊အမှတ်(၁၅)၊ အမှတ်(၁၆)နှင့် လှော်ကားကျေးရွာရှိ သံဃာတော်များနှင့် သီလရှင်များ အားတေဇာရာမကျောင်းတိုက်တွင်လည်းကောင်း စုရပ်များခွဲ၍ ထိုးနှံပေးရာ ဆေးတစ်လုံးလျှင် နှစ်ပါးနှုန်းဖြင့်သံဃာတော်နှင့် သီလရှင် အပါး( ၆၀၀)ခန့်လာရောက ထိုးနှံမည်ဖြစ်ကြောင်းသိရသည်။ရွှေပြည်သာမြို့နယ်တွင် သြဂုတ်လ(၁၂)ရက်နေ့အထိ ကာကွယ်ဆေးထိုး နှံပြီးသူ အသက် ၆၅နှစ်နှင့်အထက်ဘိုးဘွား(၃၀၂၄)ဦး ၊ ကျန်းမာရေး ဝန်ထမ်း(၅၄)ဦး ၊Volunteer (၆၂၉)ဦး၊ သံဃာတော်၊ သီလရှင်(၃၂၀)ပါးရှိပြီး အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး မထိုးနှံ ရသူ လူပုဂ္ဂိုလ်၊ သံဃာ တော်နှင့်သီလရှင်များအားမြို့နယ်ပြည်သူ့ ဆေးရုံတွင်လာရောက်ထိုးနှံနိုင် ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။
အေးမိုး