ဝမ်းတွင်း ၊ သြဂုတ် ၁၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်၌ ၂၀၂၀ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးထားသော မိုဦးသီးနှံများ ပျက်စီးသည့် စိုက်ဧက ၉၉၇ ဧကအတွက် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးဦးက အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ရည်ရည်မွန်က စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ခုနှစ် မိုးရာသီတွင် စိုက်ပျိုးထားရှိသော မိုးသီးနှံများ ရေကြီးန စ်မြုပ်၍ သီးနှံများပျက်စီးသွားသော တောင်သူများ၏ မိုးသီးနှံ စိုက်ဧကများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်း ဖြစ်ကြောင်း၊ ယခုအကြိမ်ထောက်ပံ့ငွေပေးအပ်ခြင်းမှာ ဒုတိယအကြိမ်မြောက် ပေးအပ် ခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးဦး၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ရည်ရည်မွန်နှင့် တာဝန်ရှိသူများက တောင်သူများအား ထောက်ပံ့ငွေမျာ အသီးသီးပေးအပ်ခဲ့ကြောင်းသိရသည်။ ဝမ်းတွင်းမြို့နယ်တွင် ၂၀၁၉-၂၀၂၀ခုနှစ် မိုးရာသီ တွင် စိုက်ပျိုးထားရှိသော မိုးသီးနှံများ ရေကြီးနစ်မြုပ်၍ သီးနှံများပျက်စီးသွားသော ကျေးရွာ (၁၄)အုပ်စုမှ တောင်သူ (၉၉၇)ဦး၏ မိုးသီးနှံစိုက်ဧက (၁၆၂၈.၃၈)ဧကအတွက် ငွေကျပ် ၈၉၈၅၀၀၀ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)