တနင်္သာရီ ဩဂုတ်လ၁၄
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင် ရာဥဦးစီးဌာနမှ (လဝက)မှူး ဦးတင့်နိုင်နှင့် ဝန်ထမ်း(၅)ဦးသည် ပန်းခင်းစီမံချက်ဖြင့် ဆင်ခြေဖုံးကျေးရွာအုပ်စု၊ အောက်ကင်းအရှေ့ကျေးရွာရှိ အမှတ်(၅၅ရ) ခြေမြန်တပ်ရင်းခန်းမအတွင်း တပ်ရင်းအတွင်းရှိ တပ်ဖွဲ့ဝင်/ မိသားစုများအား ဩဂုတ်လ(၁၂)ရက်နှင့်(၁၃)ရက်(၂)ရက်တွင် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စု ဦးရေ စာရင်းများ သွားရောက်ပြုလုပ်ပေးကြောင်း သိရှိရသည်။
ယင်းသို့ ပြုလုပ်ပေးရာတွင် နိုင်ငံသားစိစစ် ရေးကတ်အသက်(၁၀-နှစ်ပြည့် /၁၈-နှစ်ပြည့်) ပြုလုပ်ပေးခြင်း၊ အသက်(၁၈)နှစ်ပြည့်လဲလှယ်ပေးခြင်း၊ နိုင်ငံသားကတ် ပျောက်ဆုံး/ပျက်စီး၍ မိတ္တူထုတ်ပေးခြင်း ၊အိမ်ထောင်စုလူဦးရေ စာရင်းပြုလုပ်ပေးခြင်းတို့အား ဆောင်ရွက်ပေးရာ အသက်(၁၀)နှစ်ပြည့် နိုင်-၃(က) ကျား(၁၉) ဦး ၊ မ(၂၁) ဦး ပေါင်း(၄၀)ဦး ၊အသက်(၁၈)နှစ်ပြည့် နိုင်-၆(က) ကျား(၃) ဦး ၊ အသက်(၁၈)နှစ်ပြည့် လဲလှယ်ကတ် ကျား(၂) ဦး ၊မ(၄) ဦး ပေါင်း (၆)ဦး၊ နိုင်ငံသားကတ် ပျောက်ဆုံး ကတ်ပြားထုတ်ပေးခြင်း ကျား(၆)ဥ ဦး ၊မ(၉) ဦး ၊ပေါင်း(၁၅) ဦး တို့နှင့် အိမ်ထောင်စုလူဦးရေ (၅၇)စုတို့အားထုတ်ပေးဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း