ဒိုက်ဦး သြဂုတ် ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြို့နယ်အတွင်းရှိအသက် ၁၈ နှစ်ပြည့်ပြီးသူ ပြည်သူများအားရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၈ နာရီမှ စတင်၍ ညနေ ၄ နာရီအထိ မြို့နယ်အားကစားကွင်း မိုးလုံလေလုံအားကစားရုံအတွင်း၌ ပြုလုပ်သည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေးကြီးကြပ်ရေးမှုးနှင့် ကျန်းမာရေး ဝန်ထမ်းများက တရုတ်နိုင်ငံထုတ်ကိုဗစ်-၁၉ကာကွယ်ဆေးများအား ဘုန်းတော်ကြီး၊ သီလရှင်၊ ဘာသာ ရေးကျောင်းများမှ(၆)ဦး၊ နိုင်ငံဝန်ထမ်း(၃၃၉)ဦး၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံများမှ(၃၆၀)ဦး၊ အကျဉ်းသား၊ အချုပ်သား(၅၆) ဦးစူပါမားကပ်၊ စျေးမှ(၆၇)ဦး၊ စုစုပေါင်း(၈၂၈) ဦးတို့အား ကိုဗစ်-၁၉ရောဂါ သတ်မှတ်စည်းကမ်းချက်များနှင့်အညီထိုးနှံပေးခဲ့သည်။
အဆိုပါ ကိုဗစ်၁၉ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင် များ၊ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ၊ မီးသတ် နှင့် စေတနာရှင်လူငယ်အဖွဲ့တို့မှ ဝိုင်းဝန်းကူညီပေးကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)