မိုးကုတ် သြဂုတ်၁၄
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့နယ် အနောက်ပိုင်းကျောက်ဖြူရပ်တွင် မိုး အဆက်မပျက်ရွာသွန်းခြင်းကြောင့် ယမန်နေ့နံနက်(၈)နာရီအချိန်ခန့်တွင် မြေသားအိကာအုတ်တံတိုင်း ပြိုကျ၍ နေအိမ်အိပ်ခန်းတွင် အိပ်ပျော်နေသော အမျိုးသမီး(၂)ဦး၊ကလေးငယ်(၁) ဦး၊ စုစုပေါင်း(၃)ဦး သေဆုံးခဲ့ကြောင်း သိရှိရပါသည်။
အလားတူ ယနေ့နံနက်(၀၇း၀၇)အချိန်ခန့်တွင် မြို့မရပ်နေအိမ်တလုံးတွင် မြေပြိုကျမှုဖြစ်ကြောင်း သိရှိရသဖြင့် မြိုနယ်ရဲမှူးနှင့်အဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့ကြက်ခြေနီတပ်ဖွဲ့နှင့် လူမှူကယ်ရေးအဖွဲ့များ သွားရောက်ကယ်ဆယ်ခဲ့ရာ မိသားစု(၆)ဦးအား (မစိုးရိမ်)ကယ်ဆယ်ရရှိခဲ့ပြီး အမျိုးသမီးငယ်(၁)ဦးအား သေဆုံးလျက်တွေ့ရှိခဲ့၍ မြို့နယ်ပြည်သူ့ဆေးရုံ ကုတင်(၁၀၀)တွင် ဆေးကုသမှုခံယူရန် ပို့ဆောင်ပေးခဲ့ကြောင်းသိရှိရပါသည်။ မိုးကုတ်မြို့နယ်တွင် သြဂုတ်လ၁၁ရက် နှင့်၁၂ရက်က မိုးအဆက်မပျက်ရွာသွန်းခြင်းကြောင့် ရေကြီး၊ တောင်ပြို၊ မြေပြိုခြင်းများ ဖြစ်ပေါ်ကာ နေအိမ်၊ ဘုန်ကြီးကျောင်း၊လမ်းများထိခိုက်ခဲ့ပြီး မြေပြိုမှုကြောင့်သေဆုံးသူ စုစုပေါင်း(၄)ဦး ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှသိရှိရပါသည်။
ခွာညို