သတင်းများ

ဝန်းသိုမြို့နယ်ရှိ ကျေးရွာ ၁၃ ရွာတွင် ရွာတွင်းလမ်းအရှည်ပေ ၁၄၀၀၀ ကျော်ထိ အဆင့်မြှင့်တင်‌ ပေးနိုင်ခဲ့ကြောင်းသိရ
Sep 08,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း VDP ရန်ပုံငွေဖြင့် ကျေးရွာ ၁၃ ရွာရှိ
ကျောက်ဆည်မြို့နယ်၊ ကြက်ဆင်ကျေးရွာတွင် စိုက်ပျိုးထားသော နနွင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Sep 08,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးရေးလုပ်ကိုင်လျက် ရှိသော တောင်သူများအနေဖြင့် ဆည်ရေသောက် မြေများသောကြောင့် ဆန်စပါးကို အဓိထား စိုက်ပျိုးကြသော်လည်း ယာမြေများနှင့် ကိုင်းကျွန်းမြေများတွင် ကြက်သွန်၊ ငရုပ်၊ ဝါ၊ ငှက်ပျော၊ နနွင်း၊ ဆီထွက်သီးနှံမျိုးစုံနှင့် ပဲမျိုးစုံစိုက်ပျိုးကြပြီး ကတဲကျေးရွာအုပ်စု၊ ကြက်ဆင် ကျေးရွာတွင် စိုက်ပျိုးထားရှိသော နနွင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျှက်ရှိကြောင်း သိရှိရသည်။
ဆင်ပေါင်ဝဲမြို့နယ် ဖိုစွတ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆဌမအကြိမ်ထုတ်ချေး
Sep 08,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန က ၂၀၁၆ - ၂၀၁၇ ခု ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ဖိုစွတ်ကျေးရွာ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ ဆဋ္ဌမအကြိမ် ထုတ်ချေးပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါ ကျေးရွာဘုန်းတော်ကြီး ကျောင်းဝန်း အတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
မချမ်းဘော့မြို့နယ်၌ မြစိမ်းရောင်စီမံကိန်းဖြင့်ကျေးရွာများတွင် အရင်းမပျောက်လည်ပတ် ရန်ပုံငွေဖြင့် ထုတ်ချေးပေးလျက်ရှိ
Sep 08,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြစိမ်းရောင်စီမံကိန်းဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် အရင်း မပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲတွင်
ကျောင်းတော်ရာနယ်မြေ မီးသတ်စခန်း (၅၃)ရာခိုင်နှုန်းကျော် ဆောက်လုပ်ပြီးစီးနေပြီး ယခုလကုန်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်
Sep 08,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ကျောင်းတော်ရာနယ်မြေ မီးသတ်စခန်း RC နှစ်ထပ်ဆောင်ကို အသစ်ဆောက်လုပ်လျက်ရှိရာ ယနေ့အချိန်ထိ တည်ဆောက်ရေးလုပ်ငန်း အားလုံး (၅၃) ရာခိုင်နှုန်းကျော် ပြီးစီးနေပြီး ယခုလကုန်တွင်း အပြီး တည်ဆောက်သွားမည် ဖြစ်ကြောင်း ခရိုင်မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။
အဖြူရောင်ကြယ်တစ်ပွင့် ပရဟိတအသင်းမှ ပုံမှန်ဝင်ငွေမရှိသည့်အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် စားသောက်ကုန်များလှူဒါန်း
Sep 08,2021
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ယနေ့နံက် ၉ နာရီက အဖြူရောင်ကြယ်တစ်ပွင့် ပရဟိတအသင်းမှ စားသောက်ကုန်များပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
မိုင်းခုတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်‌ရေး အရှိန်အဟုန်ဖြင့် ပူးပေါင်းဆောင်ရွက်
Sep 08,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခုတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်း များကို ဌာနဆိုင်ရာများနှင့် ပြည်သူများက အရှိန်အဟုန်ဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။